သတင်းများ

ပခုက္ကူမြို့၌အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၂)သင်တန်းဖွင့်ပွဲကျင်းပ
May 17,2021
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်း၌ မေ ၁၇ ရက် နံနက် ၉ နာရီ က အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၂)သင်တန်းဖွင့်ပွဲကျင်းပသည်။
မြေပုံမြို့နယ်၌ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများလုပ်ငန်း မွမ်းမံသင်တန်း အမှတ်စဉ် (၂/၂၀၂၁)ဖွင့်လှစ်ပို့ချသင်ကြား
May 17,2021
ရခိုင်ပြည်နယ်၊မြေပုံမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား လုပ်ငန်းစွမ်း ဆောင်ရည်မြင့်မားလာစေရန်ရည်ရွယ်၍ မွမ်းမံသင်တန်း အမှတ်စဉ် (၂/၂၀၂၁)ဖွင့်ပွဲကို ယနေ့ နံနက် (၁၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခမ်းမ၌ ပြုလုပ်သည်။
မုဒုံမြို့၌အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းနှင့်မွန်ရိုးရာ လက်ရက်ကန်းသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
May 17,2021
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင်နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ အမျိုး သမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင် တန်းကျောင်း(မုဒုံ)၌ယနေ့နံနက်(၉)နာရီက အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၂)နှင့်မွန်ရိုးရာလက်ရက်ကန်း သင်တန်း အမှတ်စဉ်(၁၉) သင်တန်း ဖွင့်ပွဲအခမ်းအနားကိုဖွင့်လှစ်သည်။
သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့မဈေး၌ မီးဘေးအန္တရာယ်လုံခြုံရေး ကွင်းဆင်းစစ်ဆေး
May 17,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မီးသတ်ဦးစီးဌာနမှ မြိုနယ်ဦးစီးမှူး ဦးသန်းဌေးအောင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ခေတ္တအမှုဆောင်အရာရှိ ဦးအောင်ကျော်မင်းနှင့် ဝန်ထမ်းများသည် ယမန်နေ့ နံနက်ပိုင်းက ဆင်ပေါင်ဝဲမြို့မဈေး၌ မီးဘေးအန္တရာယ်လုံခြုံရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေး
May 17,2021
အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဆိုင်ရာ၊ ပြင်ဦးလွင်မြို့နယ် ဦးစီးမှူးရုံးမှ ဦးဆောင်၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခြင်းအား ယနေ့နံနက် ၉ နာရီက စစ်တက္ကသိုလ် (ပြင်ဦးလွင်)အတွင်း၌ ဆောင်ရွက်ပေး လျက်ရှိသည်။
ဗန်းမော်မြို့တွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်(၂) သင်တန်းဖွင့်လှစ်
May 17,2021
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ကချင်ပြည်နယ် ဗန်းမော်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ် သင်တန်းအမှတ်(၂)သင်တန်းဖွင့်ပွဲကို မေ ၁၇ ရက် နံနက် ၉ နာရီက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။
နတ်မောက်မြို့နယ်တွင် ကျောက်တံခါးဆည်ရေသောက် ဧရိယာအတွင်းရှိ နွေစပါးများအောင် မြင်ဖြစ်ထွန်း
May 17,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ကျောက်တံခါး ဆည်ရေသောက် ဧရိယာ အတွင်းတွင် စိုက်ပျိုး ထားရှိသော စင်းသုခမျိုးသန့်နွေစပါးများ အောင် မြင်ဖြစ်ထွန်းလျက် ရှိသည်။ အဆိုပါ နွေစပါးများကို မတ်လနှင့် ဧပြီလ တို့တွင် အပြီးစိုက်ပျိုးခဲ့တာဖြစ်ပြီး ဇွန်လကုန်တွင် အပြီးရိတ်သိမ်းမှာဖြစ်ကြောင်း သိရသည်။
သရက်မြို့တွင် အိမ်ထောင်စု၊လူဦးရေစာရင်းနှင့်နိုင်ငံသား စိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးခြင်း ပန်းခင်း စီမံချက် ရက်တို သင်တန်းဖွင့်လှစ်
May 17,2021
မကွေးတိုင်းဒေသကြီးသရက်မြို့၌ အိမ်ထောင်စု၊လူဦးရေစာရင်းနှင့်နိုင်ငံသား စိစစ်ရေး ကတ်ပြား ဆောင်ရွက် ပေးခြင်း ပန်းခင်း စီမံချက် ရက်တို သင်တန်း ဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက်(၀၉၃၀)နာရီက ခရိုင်အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ခရိုင်အစည်းအဝေးခန်းမတွင် ကျင်ပခဲ့ရာ သရက်မြို့နယ်မှ ဝန်ထမ်း (၁၁)ဦး၊အောင်လံမြို့နယ်မှ ဝန်ထမ်း(၆)ဦး၊ကံမမြို့နယ်မှဝန်ထမ်း(၇)ဦး၊ မင်းတုန်းမြို့နယ်မှ ဝန်ထမ်း(၁၀)ဦး တက်ရောက်ကြသည်။