မြေပုံ မေ ၁၇
ရခိုင်ပြည်နယ်၊မြေပုံမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား လုပ်ငန်းစွမ်း ဆောင်ရည်မြင့်မားလာစေရန်ရည်ရွယ်၍ မွမ်းမံသင်တန်း အမှတ်စဉ် (၂/၂၀၂၁)ဖွင့်ပွဲကို ယနေ့ နံနက် (၁၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခမ်းမ၌ ပြုလုပ်သည်။
ဖွင့်ပွဲအခမ်းအနား၌ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်လှမောင်က အဖွင့်အမှာ စကား ပြောကြားရာ၌ အုပ်ချုပ်ရေးမှူးများအား အုပ်ချုပ်ရေးဆိုင်ရာဥပဒေများနှင့် အညီဆောင်ရွက် တတ်စေရန်၊ပြည်သူများ၏ တာဝန်၊ဝတ္တရား၊အခွင့်အရေးသိရှိစေရန်နှင့် သက်ဆိုင်ရာ ဌာနအသီး သီးတို့မှသင်ကြားပို့ချချက်များကိုအလေးထားသင်ကြားကြရန်ပြောကြားသည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သက်ဆိုင် ရာတာဝန်ရှိသူဌာန ဆိုင်ရာအကြီးအကဲများ၊ရပ်/ကျေးအုပ်ချုပ်ရေးမှုး (၇၃)ဦးတက်ရောက်ကြပြီးသင်တန်းကာလမှာ ရက်သတ္တ(၂)ပတ်ကြာမြင့် မည်ဖြစ်ကြောင်း သိရှိရသည်။
တင်ဝင်း