သတင်းများ

ပွင့်ဖြူမြို့နယ်အတွင်း  တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုတ်မပျက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်
May 18,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ရပ်ရွာလုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ကုန်စည် စီးဆင်းမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ  အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မေ ၁၇ ရက်၊ ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ရပ်ကွက်/ကျေးရွာများရှိ ဒေသခံ ရပ်မိ ရပ်ဖများနှင့် တွေ့ဆုံ၍ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မကွေးမြို့နယ်၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်
May 18,2021
မကွေးမြို့နယ်၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းအပ်နှံနိုင်ရေးနှင့် စာသင်ခန်းများ ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်း၊ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၂) ဖွင့်ပွဲအခမ်းအနား ကျင်းပ
May 18,2021
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ အထူး ဒေသ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာ သင်တန်းကျောင်း၊    အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ် သင်တန်း အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က အဆိုပါသင်တန်းကျောင်းခန်းမ တွင် ကျင်းပပြုလုပ်ရာ ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့၀င်(၁) ဗိုလ်မှူးကြီး မျိုးမင်းနောင် က တက်ရောက် သင်တန်းဖွင့် အမှာစကား ပြောကြားသည်။
တာလေမြို့၌ ဘောင်စနစ်အသုံးပြု၍ ဇကာပိုက်ဖြင့်ပျိုးထောင်စိုက်ပျိုးသည့် (ဘာစမတီ) မျိုးစပါး စမ်းသပ်စိုက်ပျိုးကွက် (၅)ဧက စတင်ရိတ်သိမ်း
May 18,2021
တာလေ မေ ၁၈ ရှမ်းပြည်နယ်(အ ရှေ့ပိုင်း)၊တာချီလိတ်ခရိုင်၊ တာလေမြို့၌ ပြောင်းလဲလာသည့် ရာသီဥတုကိုအခြေခံ၍ ဒေသခံတောင်သူများ၏ ဈေးကွက်လိုလားချက်နှင့် စပါးစိုက်ပျိုးထုတ်လုပ်ရာတွင် အထွက်နှုန်းတ
ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှကြီးမှူး၍ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ကျင်းပပြုလုပ်နိုင်ရေး ဆွေးနွေးဆုံးဖြတ်
May 18,2021
ကချင်ပြည်နယ်အတွင်း မြန်မာ့ရိုးရာလက်ဝှေ့အားကစား တိုးတက်မြင့်မားလာစေရေးအတွက် ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌမှ ကြီးမှူး၍ မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီနှင့် မြန်မာ့ရိုးရာ လက်ဝှေ့အဖွဲ့ချုပ်(အထက်မြန်မာပြည်) အဖွဲ့ဝင်များက ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။
ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းသား မောင်မယ်များအား အာဟာရဒါန ကျွေးမွေးလှူဒါန်း
May 18,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အမျိုးသမီးရေးရာအသင်းနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့မှ မြို့နယ်အတွင်းဖွင့်လှစ်လျှက်ရှိသည့် ဗုဒ္ဓဘာသာယဉ် ကျေးမှုသင်တန်းမှ မောင်မယ်များအား အာဟာရဒါနကျွေးမွေး လှူဒါန်း ခြင်းကို ယနေ့နံနက်ပိုင်း ဆောင်ရွက်ခဲ့သည်။
ကျိုက်ဒုံမြို့(အ.ထ.က)ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်
May 18,2021
ကျိုက်ဒုံ မေ ၁၈ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ခေတ္တယာယီ ပိတ်ထားခဲ့ရသည့် အခြေခံပညာအထက်တန်းကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဆရာ ဆရာမများက က
ပုသိမ်၌နယ်စပ်ရေးရာဝန်ကြီးဌာန အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းဖွင့်ပွဲကျင်းပ
May 18,2021
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်းအမှတ်စဉ်(၂) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်၈ နာရီတွင် အဆိုပါ သင်တန်းကျောင်း ခန်းမ၌ ကျင်းပခဲ့ပါသည်။