ပခုက္ကူ မေ ၁၇
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်း၌ မေ ၁၇ ရက် နံနက် ၉ နာရီ က အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၂)သင်တန်းဖွင့်ပွဲကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင်ပခုက္ကူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော် ကအဖွင့်အမှာ စကားပြောကြားပြီး ခရိုင်နှင့်မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ သင်တန်းသူများအား လိုက်လံနှုတ်ဆက်အားပေးသည်။
အဆိုပါသင်တန်းသို့သင်တန်းသူ ၂၅ ဦးတက်ရောက်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် ၁၈ ပတ်ကြာ မြင့်မည်ဖြစ်ကြောင်းသိရသည်။
ဇော်( အဝေးသင် )