ကျိုက်ဒုံမြို့(အ.ထ.က)ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်

ကျိုက်ဒုံ မေ ၁၈ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ခေတ္တယာယီ ပိတ်ထားခဲ့ရသည့် အခြေခံပညာအထက်တန်းကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဆရာ ဆရာမများက ကြိုတင် ပြင်ဆင်ဆောင်ရွက်မှုများပြုလုပ်ခဲ့ကြောင်းသိရသည်။ ယခုလ နောက်ဆုံးပတ်အတွင်း ကျောင်းအပ်နှံရေးဆောင်ရွက်ပေးမည်ဖြစ်ပြီး ကျောင်းများ ပြန်လည် ဖွင့်လှစ်ပါက ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်စေရန်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး၊ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် ကြိုတင် ကာကွယ်ရမည့် နည်းလမ်းများဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ကျိုက်ဒုံမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံကျောင်းများကို မေလ ၂၄ ရက်မှ ၃၁ ရက်နေ့ အထိ ကျောင်းအပ်နိုင်ရေး သီတင်းပတ်အဖြစ် ကျောင်းအပ်လက်ခံသွားမည် ဖြစ်ကြောင်း၊ ကျောင်းအပ် လက်ခံရာတွင် အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှုလုံးဝမရှိကြောင်းနှင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ နှာခေါင်းစည်း(mask)၊ face shield တို့ကို အခမဲ့ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ကျိုက်ဒုံ(ပြန်/ဆက်)