မြစ်သားမြို့နယ်၌ နွေနှမ်းစိုက်ပျိုးရာသီ၌ ၇၅၉၉ ဧက ရိတ်သိမ်း

မြစ်သား ဇူလိုင် ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင်‌ နွေနှမ်းအထွက်နှုန်း တိုးတက်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်းစားသုံးဆီ ဖူလုံစေမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သည့်အတွက် ဝင်‌ငွေရရှိပြီး လူမှုစီးပွားဘဝများ ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ ယခုနှစ် နွေနှမ်းစိုက်ပျိုးရာသီ၌ နွေနှမ်း ၂၉၂၀၈ ဧက စိုက်ပျိုးခဲ့ရာ ယနေ့အထိ ၇၅၉၉ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြစ်သားမြို့နယ်၌ ယခုနှစ်နွေနှမ်း ၂၉၂၀၈ ဧက စိုက်ပျိုးခဲ့ရာ ယခုအခါ ၇၅၉၉ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်သည်။ နွေနှမ်းတစ်ဧက ၁၃ ဒသမ ၅ တင်းထိ ထွက်ရှိ‌ပြီး စုစု‌ပေါင်း ၉၉၁၆၇ တင်း ထွက်ရှိကြာင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဒီနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် မြစ်သားမြို့နယ်မှာ နွေနှမ်းများ အောင်မြင်ဖြစ်ထွန်းရန်နှင့် အထွက်နှုန်းကောင်းစေရန်၊ ဒေသခံတောင်သူတွေအနေနှင့်‌ နွေနှမ်းကို အခက်အခဲမရှိ စိုက်ပျိုးနိုင်ရန်၊ ပိုးမွှားအန္တရာယ်ကင်းရှင်းစေရန် စိုက်ပျိုးရေးဦးစီးဌာနနှင့်ဆက်စပ်ဌာနတွေ ပူးပေါင်းပြီး ဆောင်ရွက်‌ပေးနေပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမင်းနိုင်က ပြောပြသည်။

ဝါဝါမြင့်(မြစ်သား)