ကျွန်းလှ ဇွန် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့ကျရောက်မည့် (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ပြိုင်ပွဲများကို ဇွန် ၁၄ ရက်နေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ)၌ ကျင်းပသည်။
အဆိုပါပြိုင်ပွဲများတွင် “အာဇာနည်နေ့တို့မမေ့” “မျက်ရည်သွန်းဖြိုး ဇူလိုင်မိုး” ဆယ့်ကိုးဇူလိုင် မမေ့နိုင်” စသည့်ခေါင်းစဉ်များဖြင့် ပန်းချီ၊ ကဗျာ၊ စာစီစာကုံးပြိုင်ပွဲများကို မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသား၊ ကျောင်းသူ (၁၆၇) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ