ရန်ကုန် ဇူလိုင် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အဆင့် ဆယ်အိမ်စုမှူး ဆင့်ပွားသင်တန်းကို ယမန်နေ့နံနက်ပိုင်းက တောင်ဥက္ကလာပမြို့နယ် အမှတ် (၁၄) ရပ်ကွက် မြလေးလမ်းရှိ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း သားဖွားခန်းမ၌ ဖွင့်လှစ်သည်။
အဆိုပါဆင့်ပွားသင်တန်းဖွင့်လှစ်နေမှုကို သင်္ဃန်းကျွန်းခရိုင် မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဒါလီမျိုးဦးနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ပြီး သင်တန်းသူများအတွက် တိုင်းရင်းဆေးဘူးများပေးအပ်ကာ သင်တန်းသူများအတွက် နေ့လည်စာထမင်းဘူးများ၊ ရေသန့်များ၊ လက်ဖက်ရည်နှင့် မုန့်များပေးဝေခဲ့ကြကြောင်း သိရသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)