သတင်းများ

ငဖဲမြို့နယ်အတွင်းရှိ မန်းချောင်းတမံနှင့် ရင်းရှည်တမံမှ ရေကျော်ကျနေမှု ပြန်လည် လျော့နည်းကျ ဆင်းလာ
Oct 02,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ မန်းချောင်းရေလှောင်တမံသည် ယနေ့ နံနက် ၆နာရီအချိန် တိုင်းထွာချက်အရ တမံရေပြည့်အမှတ် (၆၂၅)ပေ အထက်ရေပိုလွှဲမှ (၀.၅)ပေ နှင့် ရင်းရှည်ရေလှောင်တမံမှ တမံရေပြည့်အမှတ် (၆၀၂)ပေအထက် ရေပိုလွှဲမှ (၀.၂)ပေခန့် ပြန်လည် လျော့နည်းကျဆင်းလာကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်ကိုဦး ထံမှ သိရသည်။
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူ တစ်ဦးနှင့်တွေ့ဆုံမေးမြန်းခြင်း
Oct 02,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်းမှ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိပြီး ပြန်လည်ကျန်းမာလာသူတစ်ဦး ကို ယမန်နေ့က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဆွေဆွေမြင့်က သွားရောက်တွေ့ဆုံမေးမြန်းခဲ့ရာ ၎င်း၏ ရင်တွင်းစကားသံများကို ယခုလိုကြားသိခဲ့ရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနများသို့ အားကစားအထောက်အကူပြု ပစ္စည်းများပေးအပ်ပွဲနှင့် ၂၀၂၁-ခုနှစ် သက်ကြီးရွယ်အိုများနေ့ အခမ်းအနားတက်ရောက်
Oct 02,2021
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေးရာဝန်ကြီး ဦးအေးလိူင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံတွင် ကျင်းပသော တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အားကစားနှင့် ကာယပညာဦးစီး ဌာနများသို့ အားကစား အထောက်အကူပြုပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ပန်ကေတုကျေးလက်နေပြည်သူနှင့် စစ်ပွဲရှောင်ပြည်သူများအား ကာကွယ်ဆေးများ ထိုးနှံပေး
Oct 02,2021
ရှမ်းပြည်နယ်တောင်ပိုင်း ၊ မိုင်းကိုင်မြို့နယ်အတွင်း Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအထိ ထိုးနှံပေးလျှက်ရှိပြီး ယမန်နေ့ မနက်ပိုင်းကစ၍ ပန်ကေတုကျေး ရွာအုပ်စုအတွင်းရှိ ကျေးလက်နေပြည်သူများနှင့် ပန်ကေတုကျေးရွာအတွင်း ရောက်ရှိနေသော စစ်ပွဲရှောင် ပြည်သူများကို ကာကွယ်ဆေးများ စတင်ထိုးနှံပေးလျှက်ရှိသည်။
သံဖြူဇရပ်မြို့နယ်တွင် အသက် ( ၅၅ ) နှစ်အထက် ပြည်သူများအားကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေး ပထမနေ့ စတင်ထိုးနှံပေး
Oct 02,2021
မွန်ပြည်နယ် ၊ မော်လမြိုင်ခရိုင် ၊ သံဖြူဇရပ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အသက် ( ၅၅ ) နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းကို အောက်တိုဘာလ(၂) ရက်နေ့ နံနက် (၉)နာရီမှစတင်ကာ စုရပ် ( ၇ ) နေရာ ဖြစ်သော မြို့သစ်အ.ထ.က ( ၁ ) ၊ ကျိုက္ခမီ (ကဇာတ်ရုံ) ၊ ကျုံကဒါတ် (အ.ထ.က)၊ အနင်းတိုက်နယ် ဆေးရုံ ၊ ထင်းရှူးတိုက်နယ်ဆေးရုံ၊ ဝဲခမိတိုက်နယ်ဆေးရုံနှင့် ကရုပ္ပိတိုက်နယ ်ဆေးရုံတို့၌ထိုးနှံပေး လျက်ရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီးအဖွဲ့ကိုယ်စား ဒေသခံတောင်သူများအား သွင်းအားစုထောက်ပံ့ပေးအပ်ပွဲ ခန္တီးမြို့၌ ကျင်းပ
Oct 02,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ စက်တင်ဘာလ (၃၀) ရက်၊ နံနက် (၁၀)နာရီအချိန်က ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံး စစ်ကိုင်းတိုင်းဒေသကြီး အဖွဲ့ကိုယ်စား ဒေသခံတောင်သူများအား သွင်းအားစုထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် ခန္တီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်က စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိကအားဖြင့် သွင်းအားစုနည်းပညာနှင့် ဈေးကွက်အပေါ်များစွာ မူတည်နေကြောင်း၊ အိမ်စောင့်အစိုးရအဖွဲ့ အစည်းအဝေး၌ တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထောက်ပံ့နိုင်ရေး စဉ်းစား ဆောင်ရွက်ရန်နှင့် သွင်းအားစုများ ထောက်ပံ့ပေးခြင်းနှင့် စပါးအထွက်နှုန်းကောင်းအောင် အားပေးကူညီပံ့ပိုးပေးရန် ဆုံးဖြတ်ခဲ့ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း ခရိုင်အလိုက် ဒေသခံတောင်သူများအား သွင်းအားစုထောက်ပံ့ ပေးအပ် ပွဲများကို ဆောင်ရွက်နေကြကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ကျွန်းလှမြို့နယ်၌ မိုးရာသီ သီးနှံမျိုးစုံ လျာထားချက် ဧကထက်ကျော်လွန် စိုက်ပျိုး
Oct 02,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြပြီး ယခုနှစ် မိုးရာသီ သီးနှံမျိုးစုံ ၇၄၇၄၆ ဧက စိုက်ပျိုးရန် လျာထားသော်လည်း ၇၇၉၂၆ ဧက လျာထားချက်ကျော်လွန်အောင် စိုက်ပျိုးနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ရသေ့တောင်မြို့နယ်၌ အသက်(၈၅)နှစ်နှင့် အထက် အဘိုးအဘွား(၆၉၁)ဦး တို့အား လူမှုရေး ပင်စင်ထောက်ပံ့
Oct 02,2021
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ လူမှုဝန်ထမ်းဉီးစီးဌာနမှ အသက်(၈၅) နှစ်နှင့် အထက် လူမှုရေးပင်စင်အကျိုးခံစားခွင့် ရှိသည် သက်ကြီးအဘိုးအဘွားများ အား ယမန်နေ့ နံနက်ပိုင်းက လူမှုရေးပင်စင်များ ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။