မလှိုင်၊ အောက်တိုဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်းမှ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိပြီး ပြန်လည်ကျန်းမာလာသူတစ်ဦး ကို ယမန်နေ့က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဆွေဆွေမြင့်က သွားရောက်တွေ့ဆုံမေးမြန်းခဲ့ရာ ၎င်း၏ ရင်တွင်းစကားသံများကို ယခုလိုကြားသိခဲ့ရပါတယ်။
မေး ။ အဘိုးမင်္ဂလာပါရှင် ၊ အဘိုးက ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာ၍ ဆေးရုံမှ ဆင်းခွင့် ရလာသူလို့သိရပါတယ်၊ အဘိုး ကိုဗစ်-၁၉ ရောဂါ စတင် ကူးစက်ခံရမှု အကြောင်းလေးကို ရှင်းပြပေး စေချင်ပါတယ်ရှင်။
ဖြေ ။ ဟုတ်ကဲ့ပါ ၊ ကျနော့်နာမည်က ဦးကျော်ထွန်းပါ ၊ မလှိုင်မြို့နယ် ဘိုးဘွားရိပ်သာက ဂေဟာမှူး တာဝန်ယူ ဆောင်ရွက်ပေးနေသူ တစ်ဦးပါ၊ ကျနော် ရိပ်သာမှာပဲ နေတာပါ အပြင်လည်းမထွက်ဖြစ်ပါဘူး၊ ဘယ်လိုကူးစက်ခံရလဲ မသိပါဘူး၊ စဖြစ်တာက ဖျားတာပါ ဖျာပြီးနေမကောင်းဖြစ်လို့ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ကြည့် လိုက်တော့ ရောဂါပိုးတွေ့ရှိတယ်လို့ ပြောပါတယ်။ ဒါကြောင့် ပြည်သူဆေးရုံကို တက်ရောက်ခဲ့ရခြင်း ဖြစ်ပါတယ်။
မေး ။ ဆေးရုံ တက်ရောက် ဆေးကုသခံခဲ့ရတဲ့ အခြေအနေလေးရယ်၊ ဆေးကုသမှုခံယူနေစဉ်ကာလမှာ ဘယ်လို ပြုမူ နေထိုင်ခဲ့ရတယ် ဆိုတာကိုလည်း ပြောပြပေးပါအုံး အဘိုးရှင် ။
ဖြေ ။ ဆေးရုံရောက်တော့ လူနာတွေသီးခြားထားတဲ့ အဆောင်ရှိပါတယ် အဲဒီမှာ နေရပါတယ်၊ ရောက်တာနဲ့ အောက်ဆီဂျင်တိုင်းပါတယ်၊ လိုအပ်တာတွေစစ်ဆေးပါတယ်၊ အောက်ဆီဂျင်နဲနဲ ကျနေတယ်ဆိုပြီး အောက်ဆီဂျင်ရှူ ခဲ့ရပါတယ် ၊ နောက်ပီးအစား အသောက်တွေလာ ကျွေးပါတယ် ၊ စားချင်စိတ်မရှိပါဘူး ၊ ဒါပေမဲ့ ကျိုးစားပြီးစား သောက်ခဲ့ပါတယ် ၊ အဲဒီအချိန်မှာ ဦးခေါင်းကမကြည်ဖြစ်နေပြီး အိပ်နေချင်တဲ့ဆန္ဒပဲရှိတယ်၊ တစ်ခြားထူး ထူးခြား ခြား ဖြစ်တာတော့ မရှိ ပါဘူး၊ အောက်ဆီဂျင်ကျလို့ ရူရတာပဲ ရှိပါတယ် ၊ လူကမလန်းဆန်း တာတစ်ခုပါပဲ ခေါင်းကတော့ မကြည်ဘူးဖြစ်တယ် ၊ ဒါလောက်ပဲ ဖြစ်ပါတယ်။
မေး ။ ဆေးရုံမှာ ဘယ်နှစ်ရက်လောက် တက်ရောက်ကုသမှု ခံခဲ့ရပါသလဲ၊ ဆေးရုံက ဆင်းခွင်ရခဲ့တဲ့ အကြောင်းလည်းရှင်းပြပေးပါအုံး အဘိုးရှင့် ။
ဖြေ ။ ဆေးရုံမှာ (၁ဝ) ရက် ကြာတက်ရောက်ခဲ့ရပါတယ် ။ အောက်ဆီဂျင်ကျတာကလွဲလို့ ထူးထူးခြားခြား မဖြစ်ခဲ့ပါဘူး ၊ ကျန်တာအားလုံးကောင်းပါတယ် ၊ တပတ်လောက်မှာ လူက အတော်နေထိုင်ကောင်းနေပြီး ပုံမှန်ဖြစ်နေလို့ ဆေးရုံကဆင်းခွင့်ပေးခဲ့တာပါ ။ ဆေးရုံ ဆင်းတော့လည်း အိမ်မှာသီးခြား တစ်ပတ်ကျော် လောက် ဆက်ပြီးနေခဲ့ပါသေးတယ်၊ လုံးဝစိတ်ချရပြီဆိုမှ ဒီကိုပြန်လာခဲ့တာပါ ။
မေး ။ အဘအနေနဲ့ ကိုဗစ်-၁၉ ကူးစက်ပြီးပြန်လည်ကောင်းမွန်လာတဲ့သူတစ်ဦးဖြစ်တော့ ရောဂါဖြစ်ပွား နေတဲ့သူ တွေရော၊ မဖြစ်သေးတဲ့သူတွေရော အဘအကြံပေးချင်တာ၊ ပြောပြပေးချင်တာရှိရင်လည်း ပြောပြပေး ပါအုံးရှင့် ။
ဖြေ ။ အဓိကပြောချင်တာကတော့ မဖျားအောင် မနာအောင်ကရုစိုက်ပေးပါ၊ ဖျားနာတယ်ဆိုတာနဲ့စစ်လိုက် ရင် ပိုးတွေ့တာများတော့ မဖျာနာအောင် နေပါလို့ မှာချင်ပါတယ် ဖျားနာခဲ့ရင်လည်း ချက်ချင်းဆေး ရုံဆေးခန်း သွားပြပါ ၊ လိုအပ်တဲ့ ဆေးဝါးကုသမှု ခံယူပါ ၊ မစားမသောက်ချင်ဖြစ်ရင်လည်း အစားဝင်အောင် သီးခံပြီးစားပါ ၊အိပ်ရေးဝဝအိပ်ပါ၊အပြင်ထွက်ရင် နှာခေါင်းစည်းတပ်ပါ၊ လက်ကိုမကြာခဏစက္ကန့်(၂ဝ)ကြာအောင်ဆေးပါလို့ ပြောချင်ပါတယ် ။
မေး ။ ဟုတ်ကဲ့ပါ အခုလိုအချိန်ပေးဖြေကြားပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်အဘိုးရှင့် ။
မြို့နယ်ပြန်/ဆက်