မိုင်းကိုင် အောက်တိုဘာ ၂
ရှမ်းပြည်နယ်တောင်ပိုင်း ၊ မိုင်းကိုင်မြို့နယ်အတွင်း Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအထိ ထိုးနှံပေးလျှက်ရှိပြီး ယမန်နေ့ မနက်ပိုင်းကစ၍ ပန်ကေတုကျေး ရွာအုပ်စုအတွင်းရှိ ကျေးလက်နေပြည်သူများနှင့် ပန်ကေတုကျေးရွာအတွင်း ရောက်ရှိနေသော စစ်ပွဲရှောင် ပြည်သူများကို ကာကွယ်ဆေးများ စတင်ထိုးနှံပေးလျှက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ပန်ကေတုကျေးရွာ ကျေးလက်ကျန်းမာရေးဌာန စုရပ်၌ ထိုးနှံပေးလျက်ရှိပြီး ယမန်နေ့ ညနေပိုင်းအချိန်အထိ ပန်ကေတုကျေးလက်နေပြည်သူ ၂၆၃ ဦး ၊ ဟိုခဲကျေးရွာအုပ်စုအတွင်းမှ ပန်ကေတုကျေးရွာသို့ စစ်ပွဲရှောင်ရောက်ရှိနေသော ကျေးလက်နေပြည်သူ ၂၁၂ ဦး တို့ကို ထိုးနှံပေးနိုင်ခဲ့ပြီး ကာကွယ်ဆေးထိုးနှံခွင့်ရှိသူ ကျေးလက်နေ ပြည်သူများအားလုံး ကာကွယ်ဆေးများ ထိုးနှံနိုင်ရေး သက်ဆိုင်ရာ ကျေးရွာတာဝန်ရှိသူများက စာရင်းများ ကောက်ခံပြုစုလျှက်ရှိပြီး ယနေ့မနက်ပိုင်း တွင်လည်း ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးနေကြောင်း သိရှိရသည်။
ချော(မိုင်းကိုင်)