သတင်းများ

ပန်းတနော်မြို့၌ အပြည်ပြည်ဆိုင်ရာ ဘိုးဘွားများ​နေ့အထိမ်းအမှတ် အလှူငွေနှင့်စားသောက်ကုန်ပစ္စည်းများ လှူဒါန်း
Oct 02,2021
အောက်တိုဘာ ၁ ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာဘိုးဘွားများ​နေ့အထိမ်းအမှတ်အဖြစ် ပန်းတနော်မြို့နယ် အောင်သပြေဘိုးဘွားရိပ်သာရှိ သက်ကြီးဘိုးဘွားများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သော အလှူငွေနှင့်စာသောက်ကုန်ပစ္စည်းများကို ယမန်နေ့ မွန်းလွဲ ၃ နာရီကမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက သွားရောက်ထောက်ပံ့လှူဒါန်းခဲ့သည်။
ကျိုင်းတုံမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုရှိမရှိ အခမဲ့စစ်ဆေးပေး
Oct 02,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရမှုရှိမရှိ အခမဲ့စစ်ဆေးပေးခြင်းကို အောက်တိုဘာ ၁ ရက်က ရပ်ကွက်ကျေးရွာများတွင် RDT Test Kit ဖြင့် တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ်- ၁၇၂/၂၀၂၁ အရ ကသာအကျဉ်းထောင်၌ အချုပ်သား/သူပေါင်း (၅၂)ဦး လွတ်ငြိမ်းချမ်းသာခွင့်ရ
Oct 02,2021
ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာအကျဉ်းထောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ်- ၁၇၂/၂၀၂၁ အရ အချုပ်သား/သူများ၏ ကြားနာ စစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများ ပိတ်သိမ်းခြင်းအခမ်းအနားကို အောက်တိုဘာလ(၁)ရက်နေ့၊ ညနေ (၃)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ အချုပ်သား/သူပေါင်း(၅၂)ဦး လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စွမ်းအားမြှင့်မီးဖိုများ ကျေးရွာများသို့ အခမဲ့ဖြန့်ဝေပေး
Oct 02,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်း ကျေးရွာများသို့ စွမ်းအားမြှင့် မီးဖိုများဖြန့်ဝေခြင်းကို ၂၀၂၁ခုနှစ်မတ်လမှ စက်တင်ဘာလအထိ အခမဲ့ ဖြန့်ဝေခဲ့ ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိုင်း‌ငေါ့မြို့ အတွင်းရှိ(၁၈)နှစ်အထက်အမျိုးသား(၅၅)ဦး အမျိုးသမီး (၉၅) ဦးတို့အား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ဆက်လက်ထိုးနှံပေး
Oct 02,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်း‌ငေါ့မြို့တွင် ပြည်သူများ၊အားကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ကို ယမန်နေ့နံနက်(၁၀) နာရီ အချိန်ခန့်က မိုင်းငေါ့ တိုက်နယ်ကျန်းမာရေးဌာနမှ ပထမ အကြိမ်ကိုဗစ်-၁၉ ရော ဂါ ကာကွယ်ဆေး Sinophram အမျိုးအစားကို ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ရွှေဘိုအကျဉ်းထောင်မှ ကြားနာစစ်ဆေးဆဲ သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ပြစ်မှုများမှ အကျဉ်းသား/သူ (၈၄)ဦးကို အမှုပိတ်သိမ်း၍ ပြန်လွှတ်ပေး
Oct 02,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုအကျဉ်းထောင်မှ ကြားနာစစ်ဆေးဆဲ သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ပြစ်မှုများမှ အကျဉ်းသား/သူ (၈၄)ဦးကို ယမန်နေ့ ညနေပိုင်းက အမှုပိတ်သိမ်း၍ ပြန်လွှတ်ခဲ့ကြောင်း သိရသည်။
သရက်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ်၊ ပထမအကြိမ် ထိုးနှံပြီးစီးသူ (၈၈၇၉) ဦး ရှိပြီဖြစ်
Oct 02,2021
မကွေးတိုင်းဒေသကြီး သရက်မြို့သတ်မှတ်နေရာများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ဒုတိယအသုတ်၊ ပထမအကြိမ်အဖြစ် (၈၈၇၉) ဦးအား ဆေးထိုးနှံပေးနိုင်ခဲ့ပြီး ရွှေသက်လွတ်ဘုရားဝန်းအတွင်းရှိသာသနာ့ဗိမာန်တော်နှင့် ကျေးရွာအုပ်စုများတွင် ယနေ့နံနက် ၉ နာရီက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက ရောဂါပိုးရှိ/မရှိ စစ်ဆေး ခြင်း၊ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကသာမြို့ မင်းပြည်သူဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး
Oct 02,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ မင်းပြည်သူဘိုးဘွားရိပ်သာ၌ ခရိုင်ကျန်းမာရေးဌာနမှ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် အောက်တိုဘာလ(၁)ရက်နေ့၊ နံနက်ပိုင်းက ဘိုးဘွားများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။