ကော့ကရိတ်မြို့၌ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးကြစို့ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Oct 13,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းအပ်နှံထားပြီးဖြစ်သော အသက်(၁၂)နှစ်မှ (၁၈)နှစ်ကြား အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ များကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ရာ ပြည်သူ များ၊ ကျောင်းသားမိဘများ/အုပ်ထိန်းသူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးကြစို့ အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့ နံနက် ၈နာရီခွဲအချိန်က မြို့နယ်ကိုဗစ် - ၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကျော်Mနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကော့ကရိတ်မြို့ အမှတ် (၃)ရပ်ကွက် မြို့မစျေးနှင့် မြို့မစျေးရှေ့တို့တွင် သွားလာလျက်ရှိသည့် လမ်းသွားလမ်းလာ ပြည်သူများနှင့် ကာကွယ်ဆေးထိုးနှံ ပေးသည့် ဆေးထိုးစုရပ်များရှိ ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။