ကော့ကရိတ် အောက်တိုဘာ ၁၃
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းအပ်နှံထားပြီးဖြစ်သော အသက်(၁၂)နှစ်မှ (၁၈)နှစ်ကြား အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ များကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ရာ ပြည်သူ များ၊ ကျောင်းသားမိဘများ/အုပ်ထိန်းသူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးကြစို့ အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့ နံနက် ၈နာရီခွဲအချိန်က မြို့နယ်ကိုဗစ် - ၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကျော်Mနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကော့ကရိတ်မြို့ အမှတ် (၃)ရပ်ကွက် မြို့မစျေးနှင့် မြို့မစျေးရှေ့တို့တွင် သွားလာလျက်ရှိသည့် လမ်းသွားလမ်းလာ ပြည်သူများနှင့် ကာကွယ်ဆေးထိုးနှံ ပေးသည့် ဆေးထိုးစုရပ်များရှိ ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်တွင် အသက် (၁၂)နှစ်မှ (၁၈)နှစ်ကြား အလယ်တန်း ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိလာစေရန်၊ ကာကွယ်ဆေး လွှမ်းခြုံမှုအလျင်အမြန် ရရှိစေရန်၊ မိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးနှံနိုင်ရန် နှိုးဆော်သည့်အကြောင်းအရာများ၊ ကာကွယ်ဆေး မထိုးနှံပေးရမည့် ကျောင်းသား၊ ကျောင်းသူများနှင့် ကိုဗစ် - ၁၉ရောဂါကာကွယ်ဆေး၏ နောက်ဆက်တွဲ ပြဿနာများစသည့် အချက်များ ပါဝင်ကြောင်း သိရသည်။
စောအောင်မျိုးလွင် (ပြန်/ဆက် )