ဘောဂလိမြို့တွင်  ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက်  မြန်မာဘာသာနှင့်စကောကရင်ဘာသာဖြင့်  အသိပညာပေး  လိုက်လံနှိုးဆော်ခြင်းများ ဆက်လက်  ဆောင်ရွက်

 ဘောဂလိ   အောက်တိုဘာ   ၁၃

ကရင်ပြည်နယ်၊  ဘားအံခရိုင် ၊ ဘောဂလိမြို့တွင်   ကိုဗစ်-၁၉ရောဂါ   ကာကွယ်ထိန်းချုပ် နိုင်ရန်နှင့်  ကူးစက်ပြန့်ပွားမှုမရှိစေရန်အတွက်   ကိုဗစ်-၁၉ရောဂါ  ဆိုင်ရာ  အသိပညာပေး နှိုးဆော်မှုများကို ယနေ့နံနက်ပိုင်းက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များက မြို့ပေါ်ရပ်ကွက်များတွင်  မြန်မာဘာသာနှင့်  စကောကရင်ဘာသာဖြင့်   ဆောင်ရွက် ပေးခဲ့ ကြောင်းသိရသည်။

အဆိုပါ  အသိပညာပေးနှိုးဆော်ရာတွင်    ကိုဗစ်-၁၉ရောဂါ   ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက်  မိဘပြည်သူများအနေဖြင့်   အတတ်နိုင်ဆုံးအိမ်တွင်း၌  သာနေထိုင်ရန်၊  မိမ်နေအိမ်သို့  ပြင်ပမှ  ဧည့်သည်များ  လက်ခံပါရန်နှင့်  အခြားသူများထံသို့  သွားရောက်လည်ပတ်ခြင်း  မပြုရန်၊  အရေးကြီးကိစ္စနှင့်အပြင်ထွက်ပါက  Mask  ကို မဖြစ်မနေတပ်ဆင်ရန်၊  လူစုလူဝေး ပြုလုပ်ခြင်းများ  ရှောင်ကြဉ်ရန်၊   လက်ကိုမကြာခနဆေးကြောရန်၊   လက်မဆေးဘဲ နှာခေါင်း၊ ပါးစပ်နှင့်  မျက်စိတို့ကို   ကိုင်တွယ်ခြင်းမပြုလုပ်ရန်၊   လေဝင်လေထွက် ကောင်းသော  အခန်း များတွင်နေထိုင်ရန်၊   ရောဂါကူးစက်ခံရသည်ဟု  သံသယရှိပါက   နီးစပ်ရာ ကျန်းမာရေးဌာန များသို့  ဆက်သွယ်၍    မပျက်မကွက်ဆေးကုသမှုခံယူရန်၊  ကိုဗစ်-၁၉ရောဂါသည်  သက်ကြီး ရွယ်အိုများ၊  ဆီးချို၊ နှလုံး၊ သွေးတိုးရှိသူများကို   ကူးစက်ပါက   ဝေဒနာပြင်းထန်စွာ  ခံစားရပြီး  အသက်အန္တရာယ်ကိုပါ    ထိခိုက်နိုင်သဖြင့်    ပူးပေါင်းပါဝင်  လိုက်နာဆောင်ရွက်ကြ ပေးကြရန်     အသိပညာပေး  နှိုးဆော်မှုများ  ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)