ငဖဲမြို့နယ် ချောင်းဖြူကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ပြီးစီးသည့် နိုင်ငံ သားစိစစ်ရေးကတ်ပြားများ လွှဲပြောင်းပေးအပ်

ငဖဲ အောက်တိုဘာ ၁၃

 

 မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ချောင်းဖြူကျေးရွာရှိ ဒေသခံတောင်သူများအတွက် ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျေး ရွာဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ငဖဲမြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဒု-လဝကမှူး ဦးငြိမ်းချမ်း နှင့် ဒု -လဝကမှူး ဦးဇော်မိုးထွန်း တို့က မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများလူမှုဘဝဖွံ့ဖြိုးစေရန်ရည်ရွယ်၍ ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ အခမဲ့ပြုလုပ် ဆောင်ရွက်ပေးနေ မှုနှင့် ပျောက်ဆုံး/ပျက်စီးမှုမဖြစ်ပေါ်စေရေးစနစ်တကျကိုင်တွယ်အသုံးပြုရန် ဆွေး နွေးပြောကြားပြီး ချောင်းဖြူ ကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက် ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ် (၁၀)ကတ် တို့အား လွှဲပြောင်းပေးအပ်ခဲ့သည်။

ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးစေရေး အတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အိမ်ထောင်စုလူ ဦး ရေစာရင်းများအခမဲ့ ပြုလုပ် ဆောင်ရွက်ပေးခြင်းကို တစ်မြို့နယ်လုံးအနေဖြင့် လူဦးရေ(၇၇၂) ဦးအား လျာထားပြုလုပ် ဆောင်ရွက် ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

မယု(ငဖဲ)