သတင်းများ

ပွင့်ဖြူမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေး ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး
Oct 03,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ် အထက်ရှိသော ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ကျင်းပသည်။
လှိုင်သာယာ(အနောက်ပိုင်း)အမှတ်(၁၆)ရပ်ကွက်ရှိ ပြည်သူများအား ပန်းခင်းစီမံချက်စံဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း  ကွင်းဆင်းဆောင်ရွက်ပေး
Oct 03,2021
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အား ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ  စာရင်းကွင်းဆင်းဆောင်ရွက်ပေးခြင်းကို အောက်တိုဘာ၃ရက်၊ ယနေ့နံနက် ၉ နာရီခွဲက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ‌အမှတ်(၁၆)ရပ်ကွက်သို့ သွားရောက်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများကို နေ့ချင်းပြီး အခမဲ့ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပေါက်တောမြို့နယ်ရှိ IDPs စခန်း၌ခိုလှုံနေကြသည့်ပြည်သူများအား  ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ
Oct 03,2021
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် အလယ်ဖရုံကာကျွန်းရှိ  မညင်းကိုင်း ကျေးရွာအုပ်စု ကြိမ်နီပြင် IDPs  စခန်းတွင် ခိုလှုံနေကြသော ပြည်သူများအားကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာ အသက်(၄၅) နှစ်အထက်နှင့် အသက် (၆၅) နှစ်အထက် သက်ကြီးရွယ်အိုများအား ဒုတိယအကြိမ် (Sinovac Corona vac)  ကာကွယ်ဆေးကို ယနေ့ နံနက် ၁၀ နာရီက ဆက်လက်ထိုးနှံပေးသည်။
လင်းခေးတွင် Semi Lock Down ချထားသော အိမ်ထောင်စု(၃၈)စုအား စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်
Oct 03,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ် ကုသရေးအတွက် Semi Lock Down ချထားသည့် နေရာများမှပြည်သူတို့ထံ ယမန်နေ့ မွန်းလွဲ ၃ နာရီက လင်းခေးမြို့၊ တောင်ရွာရပ်ကွက်ရှိ၊ ရပ်ကွက်ဓမ္မာရုံစုရပ်၌ မြို့နယ်စေတနာ အလှူရှင်များနှင့် မြို့နယ်ကိုဗစ် ကော်မတီက ပူးပေါင်းပြီး ၎င်းတို့ လက်ဝယ်အရောက် စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ကွမ်းလုံမြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေး ဒုတိယအသုတ် (ပထမအကြိမ်) ဆက်လက်ထိုးနှံ
Oct 03,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ်တွင် ယမန်နေ့နံနက် ၈ နာရီခွဲ အချိန်မှစ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် (ပထမအကြိမ်) ထိုးနှံခြင်းကို ကိုးကန့်ယဉ်ကျေးမှု ခန်းမတွင် ပြုလုပ်ခဲ့ကြသည်။
တောင်သာမြို့နယ်အတွင်း၌ အသက်(၅၅)နှစ်အထက် ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
Oct 03,2021
မန္တလေးတိုင်းဒေသကြီး  မြင်းခြံခရိုင်  တောင်သာမြို့နယ်အတွင်း၌ အသက်(၅၅) နှစ်အထက်ပြည်သူများအား  ပထမအကြိမ် ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေးထိုးနှံ ပေးခြင်းကို  ယနေ့နံနက်(၉)နာရီအချိန်က စတင်၍ တောင်သာ အ.ထ.က ကျောင်း နဝရတ်ခန်းမနှင့်စုရပ်(၃)နေရာအားထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ(၅၄ )ဦးထပ်မံတွေ့ရှိ
Oct 03,2021
မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့ဆက် စပ်သူများ၊ ဖျားနာခြင်း၊အသက်ရှုကြပ်ပြီး၊ ချောင်းဆိုးခြင်းတို့ကြောင့် နွားထိုးကြီးမြို့၊ ပြည်ဆေးရုံသို့ လာရောက်၍ (RDT ) ဖြင့် ယမန်နေ့ ညနေ ၃နာရီအချိန်တွင် (၁၇၂)ဦး အားစစ်ဆေးရာ (၅၄)ဦး တွင် ကိုဗစ်- ၁၉ ရောဂါပိုး ထပ်မံ တွေ့ရှိကြောင်းသိရသည်။