မိုင်းဖြတ်မြို့နယ်၌ အသက်(၁၂)နှစ်အထက် အထက်တန်း၊ အလယ်တန်းကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရေးအတွက် စီမံဆောင်ရွက်ထားရှိမှု များအား တွေ့ဆုံမေးမြန်းခြင်း

မိုင်းဖြတ် အောက်တိုဘာ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ်အထက် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးအတွက် စီမံဆောင်ရွက် ထားရှိမှုများ ကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ ဦးညီညီအောင်ထံ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယခုလိုတွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ မင်္ဂလာပါဆရာ ဆရာ့နာမည်နဲ့ တာဝန်ထမ်းဆောင်နေတဲ့ အပိုင်းလေးကို ပြောပြပေးပါ ခင်ဗျာ။

ဖြေ ။ မင်္ဂလာပါ ကျွန်တော်ကတော့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ် မြို့နယ်က မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဥက္ကဋ္ဌ ဦးညီညီအောင် ဖြစ်ပါတယ်။

မေး ။ မိုင်းဖြတ်မြို့နယ်မှာ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံဖို့အတွက် ကျောင်းပေါင်းဘယ်နှစ်ကျောင်းရှိပြီး၊ ကျောင်းသားဦးရေ ဘယ်လောက်အထိ ရှိပါသလဲခင်ဗျာ

ဖြေ ။ မိုင်းဖြတ်မြို့နယ်မှာ အထက်တန်းကျောင်း(၂)ကျောင်း၊ အလယ်တန်းကျောင်း(၁)ကျောင်း၊ အလယ် တန်းကျောင်း(ခွဲ)(၃)ကျောင်း၊ မူလတန်းလွန်ကျောင်း(၉)ကျောင်း၊ မူလတန်းကျောင်း (၄၄) ကျောင်း၊ မူလတန်းကျောင်း(ခွဲ) (၂၅)ကျောင်း စုစုပေါင်း(၈၄) ကျောင်းရှိပါတယ်၊ ကျောင်းသား၊ ကျောင်းသူအနေနဲ့ မူလတန်းအဆင့်မှာ (၃၂၂၄)ဦး၊ အလယ်တန်းအဆင့်မှာ (၁၁၃၂)ဦး၊ အထက်တန်းအဆင့်မှာ (၂၁၂)ဦးနဲ့ ကိုယ်ပိုင်ကျောင်းမှာ (၁၆)ဦး စုစုပေါင်း (၄၇၈၄) ဦးရှိပါတယ်။

မေး ။ မြို့နယ်မှာ ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပေးရာမှာ အသက်ဘယ် အရွယ်နဲ့ ဘယ်အဆင့်ကိုထိုးနှံပေးမှာလဲခင်ဗျာ။

ဖြေ ။ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံရာမှာ အသက်(၁၂)နှစ်အထက် အလယ်တန်း ကျောင်းသား/ကျောင်းသူ (၁၁၃၁)ဦး၊ အထက်အဆင့် ကျောင်းသား/ကျောင်းသူ (၂၂၉)ဦး စုစုပေါင်း (၁၁၉၀)ဦးကို ထိုးနှံပေး သွားမှာဖြစ်ပါတယ်။

မေး ။ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီအနေနဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ကာကွယ်ဆေးထိုးနှံပေးဖို့အတွက် ဘယ်လိုစီမံဆောင်ရွက်ထားပါသလဲ။

ဖြေ ။ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီအနေနဲ့ အမျိုးသား ကာကွယ်ဆေး ထိုးနှံရေးကြီးကြပ်မှု(ဗဟို)ရဲ့ ညွှန်ကြားချက်နှင့်အညီ ကာကွယ်ဆေးထိုးစာရင်း တွေကို သတ်မှတ်ပုံစံများနှင့်အညီ စာရင်ရေးသွင်းခြင်း၊ ကွန်ပျူတာစာရင်း ရေးသွင်းခြင်းနဲ့ နည်းပညာများကိုလည်း သင်ကြားပို့ချလျက်ရှိပါတယ်၊ ဒါ့အပြင် ဆေးထိုး ကတ်ပြားများ ကိုလည်း ကြိုတင်စီမံခြင်း၊ ဆေးထိုးစုရပ်နေရာအလိုက် တာဝန်များခွဲဝေထားခြင်း၊ လုံခြုံရေး အစီအမံ၊ လိုအပ်ပါက အရေးပေါ်ကုသဆောင်များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိပါတယ်၊ ဒါ့အပြင် အများပြည် သူများကို အသိပေးအနေနဲ့ ဗွီနိုင်းပိုစတာများ စိုက်ထူခြင်း၊ လက်ကမ်း စာစောင်များဖြန့်ဝေခြင်း၊ အသံချဲ့စက်များနဲ့ အသိပညာပေးခြင်းတွေကို ဆောင်ရွက်လျက် ရှိပါတယ်။

မေး ။ ကာကွယ်ဆေးထိုးစုရပ် ဘယ်နှစ်ခုဆောင်ရွက်ထားရှိပါသလဲ။

ဖြေ ။ ကာကွယ်ဆေးထိုးဖို့အတွက် အခြေခံပညာကျောင်းပေါင်း (၁၅)ကျောင်းမှာ ဆေးထိုးစုရပ် (၁၀)နေရာ ဆောင်ရွက် ထားပါတယ်။

မေး ။ ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကြောင့် ရရှိလာမယ့် အကျိုးကျေးဇူး များကိုသိချင်ပါတယ်ခင်ဗျာ

ဖြေ ။ “ကျောင်းနေအရွယ် ကလေးတိုင်း၊ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံကြပါစို့ ဆောင်ပုဒ်နဲ့ ကာကွယ်ဆေးလွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများ ဆီသို့ရောက်အောင် ရည်ရွယ်ချက်နဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှံပေးမှုကြောင့် ကျောင်းသား၊ ကျောင်းသူများအနေနဲ့ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ကြားခွင့်၊ ပညာသင်ယူခွင့်ရရှိပြီး မိမိတို့မိသားစုနဲ့ ပတ်ဝန်းကျင်ကို ရောဂါကူးစက်မှု ပြန့်ပွားမှုကိုလည်း အချိန်မီကာကွယ် တားဆီးနိုင်ရေး အတွက် ဆောင်ရွက်နေတာဖြစ်ပါတယ်။ မိဘနဲ့ ကျောင်းသား၊ ကျောင်းသူများကလည်း ကာကွယ်ဆေး ထိုးနှံမှုအပေါ် နားလည် သဘောပေါက်ပြီး တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို ရည်ရွယ်နေတာ ဖြစ်တဲ့အတွက် ကာကွယ်ဆေးထိုးနှံမှုကို ဝိုင်းဝန်းကူညီပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်း ပြောကြား လိုပါတယ်။

မေး ။ ကာကွယ်ဆေးထိုးလုပ်ငန်း အောင်မြင်စွာနဲ့ ဆောင်ရွက်ရာမှာ ဆရာ၊ မိဘ၊ ကျောင်းသားအားလုံး ပါဝင်ဆောင်ရွက်လာဖို့ တိုက်တွန်းစကားလေး ပြောကြားပေးပါခင်ဗျာ။

ဖြေ ။ ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့ ရည်ရွယ်ချက်နဲ့ ဒေသတွင်း ကျောင်းနေအရွယ်ကလေးများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပေးနေတာ ဆိုရင် မြန်မာနိုင်ငံတစ်နိုင်ငံ ထဲမဟုတ်ဘဲ တရုတ်ပြည်သူ့တမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ကမ္ဘောဒီယားနိုင်ငံတို့မှာလည်း ကာကွယ်ဆေးထိုးပေးလျက်ရှိပါတယ်၊ ဒါ့ကြောင့် မိဘများနေနဲ့ မိမိတို့ရဲ့သားသမီးတွေကို ကျန်းမာ ပျော်ရွှင်စွာနဲ့ ပညာသင်ကြား နိုင်ဖို့ အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံဖို့ကို အောင်မြင်အောင် ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးစေလိုပါတယ်လိုပါကြောင်း ပြောကြားလိုပါတယ်။

တွေ့ဆုံမေးမြန်း ၊ သန်းထွန်းအေး(ပြန်/ဆက်)

ဓာတ်ပုံ၊ ရှောလမွန်(ပြန်/ဆက်)