ဟိုပန် အောက်တိုဘာ ၁၃
ဟိုပန်မြို့၌ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/ ကျောင်းသူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးနှင့် မိဘပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က မြို့လယ်အဝိုင်းနှင့် ဈေးရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များနှင့် စားသောက်ဆိုင်များတို့တွင် မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း/ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့် ရှောက်ရေးအသင်းတို့မှ ပူးပေါင်း၍ဖြန့်ဝေခဲ့သည်။
အဆိုပါလက်ကမ်းစာစောင်ထဲတွင် ကာကွယ်ဆေးထိုးနှံပေးခြင်းမပြုမည့် ကျောင်းသား/ ကျောင်းသူများ၊ ကျွမ်းကျင်သည့် သမားတော်၊ ကျန်းမာရေးဝန်ထမ်းနှင့် တိုင်ပင် ဆွေးနွေးပြီးမှသာ ၎င်းတို့၏ အကြံပြုချက်အရ ကာကွယ်ဆေးထိုးနှံ့ပေးမည့် ကျောင်းသား/ ကျောင်းသူများ၊ ကိုဗစ်-၁၉ ကာကွယ်ဆေး၏ နောက်ဆက်တွဲပြသနာများ အစရှိသည့် အကြောင်းအရာများပါဝင်ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)