မင်းဘူး အောက်တိုဘာ ၁၃
ဦးအောင်ဇော် (မြို့နယ်ပညာရေးမှူး)
ဆရာ့မင်္ဂလာပါရှင့်။ အခု ကျွန်မတို့ မင်းဘူးမြို့နယ် မှာ အသက်(၁၂) နှစ်အထက် အလယ်တန်း၊ အထက်တန်း ကျောင်းသား/ ကျောင်းသူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးတာနဲ့ ပတ်သက်ပြီးတော့ ပြည်သူလူထု သိရှိစေဖို့အတွက်ကို အခုလို လာရောက်တွေ့ဆုံ မေးမြန်းရခြင်း ဖြစ်ပါတယ်ရှင့်။
မေး။ ဟုတ်ကဲ့ပါရှင့်၊ အခုဒီ ဆရာကြီးတို့အနေ နဲ့ အသက်(၁၂) နှစ်အထက် အလယ်တန်း၊ အထက်တန်း ကျောင်းသား/ ကျောင်းသူတွေကို နိုင်ငံတော်ရဲ့ အစီအစဉ်နဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးမှုမှာ ဆရာကြီးတို့အနေနဲ့ ကြိုတင်စီစဉ် ဆောင်ရွက်ထားရှိမှု အခြေအနေလေးတွေိ ကို သိချင်ပါတယ်ရှင့်။
ဖြေ။ ဟုတ်ကဲ့ပါဗျ။ ကျွန်တော်တို့ တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ကနေပြီးတော့ (၁-၁၀-၂၀၂၁) ရက်နေ့မှာမကွေး မြို့တော်ခန်းမမှာ ဆွေးနွေးပွဲ ခေါ်ပါတယ်ဗျ၊ ဆွေးနွေးပွဲခေါ်ပြီးတော့ မှ ကျွန်တော်တို့ကို ကိုဗစ်ကာကွယ်ဆေးထိုးဖို့ အစီအစဉ်နဲ့ ပတ်သက်ပြီးတော့ အကျယ်တဝင့် ရှင်းလင်းပါတယ်ခင်ဗျာ့၊ (၂-၁၀-၂၀၂၁) ရက်နေ့မှာ ကျွန်တော်တို့ မြို့နယ်အုပ်ချုပ်ရေးမှူး ကနေ မြို့နယ်ထွေအုပ်မှာပဲ မြို့နယ်ကိုဗစ်တားဆီးကာကွယ်ရေး ကော်မတီဝင်တွေနဲ့ ထပ်ပြီး ဆွေးနွေးပွဲ ထိုင်ပါတယ်ဗျ၊ ထိုင်ပြီးတော့ မှ အဲဒီကနေ ဆွေးနွေးချက်တွေအရ (၄-၁၀- ၂၀၂၁) ရက်နေ့မှာ ကိုဗစ်စင်တာထားမယ့် ကျောင်းအုပ်ဆရာ/ ဆရာမကြီးတွေရယ်၊ မင်းဘူးမြို့နယ် အတွင်းမှ အုပ်စုခေါင်းဆောင် ဆရာ/ ဆရာမကြီးတွေရယ် တွေ့ဆုံပြီးတော့မှ တိုင်းကောင်စီရဲ့ လမ်းညွှန်မှု၊ မြို့နယ်အုပ် ချုပ်ရေးမှူးရဲ့ လမ်းညွှန်မှုတွေနဲ့ ဘယ်လိုဆောင်ရွက်မယ်ဆိုတာ ဆွေးနွေးတိုင်ပင် ဆုံးဖြတ်ကြတဲ့ အခါမှာကျွန်တော်တို့ မင်းဘူး(စကု) မြို့နယ်မှာ စင်တာ(၉) ခုပေါ့။ အထက(၁) မင်းဘူးမှာ စင်တာ(၁)ခု၊ အထက (စကု) မှာ ဆေးထိုးစင်တာ (၁) ခု၊ အထက ကျောက်စံ မှာ ဆေးထိုးစင်တာ (၁) ခု၊ အထက ခန်ကုန်းမှာစင်တာ(၁) ခု၊ အလကခန်ကုန်းမှာ စင်တာ(၁) ခု၊ အထက ခွဲ ဆည်တော် မှာ စင်တာ(၁) ခု၊ အထက ခွဲ လေးပင်မှာ စင်တာ (၁) ခု၊ အထက ဆင်ခေါင်း မှာ စင်တာ(၁) ခု၊ အထက မုံတောင် မှာ စင်တာ (၁) ခု၊ အထက ရွာသာယာမှာ စင်တာ (၁) ခု ဆိုပြီးတော့ စင်တာ (၉) ခု နဲ့ ကာကွယ်ဆေးတွေိကို ကျောင်းသားတွေကို ထိုးနှံဖို့ ဆုံးဖြတ်ပြီးတော့ မှ ဆရာ/ ဆရာမတွေကို ကာကွယ်ဆေးထိုးမယ့် ကျောင်းသားစာရင်းတွေ ကောက်ခိုင်းမယ်၊ နောက်ကာကွယ်ဆေးထိုးမယ့် အလယ်တန်းကျောင်းသားနဲ့ အထက်တန်းကျောင်းသား စာရင်းတွေ ကောက်ခိုင်းမယ်ပေါ့၊ အဲလိုကောက်ပြီးတော့မှ ကျေးရွာတွေမှာလည်း ကျွန်တော်တို့ ကြေငြာပေးမယ်ပေါ့၊ တချို့အပ်နှံတဲ့ ကျောင်းသားစာရင်းထဲမှာ မပါပေမယ့် အလယ်တန်းကျောင်းသား/ အထက်တန်း ကျောင်းသားဖြစ်တယ်၊ ၁၂ နှစ်ပြည့် တယ်ဆိုရင် ထိုးပေးမယ် ဆိုတဲ့အကြောင်းလည်း ကြိုတင်ပြီးတော့ ကျေးရွာတွေကို ကြေငြာ ထားတယ်၊ ကျွန်တော်တို့ ပညာရေးပိုင်းက၊ နောက်တစ်ခါကျတော့ ဆရာ/ ဆရာမတွေက ကျေးရွာတွေမှာ ဆင်းပြီးတော့ စာရင်းကောက်တယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးအနေနဲ့ကလည်း ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို Group ထဲကနေပြီး ဒီလို ကိုဗစ်-၁၉ ကာကွယ်ဆေး ကျောင်းသူ/ ကျောင်းသားထိုး ပေးမယ်ပေါ့၊ ဒီနေရာမှာ ဝိုင်းဝန်းကူညီကြဖို့ ဒီလိုလုပ်တယ်ပေါ့၊ သူကလည်းကျွန်တော်တို့ ကို အသိပေးထား တယ်ပေါ့၊ နောက်တစ်ခါကျတော့ ဒီ လူမှုရေး အဖွဲ့အစည်းတွေပေါ့၊ ကျွန်တော်တို့ မိခင်နဲ့ကလေး အမျိုးသမီးရေးရာတို့ ဒီလိုတွေလဲပါပြီးတော့ ဝိုင်းဝန်းဆောင်ရွက်ဖို့အတွက် ကျွန်တော်တို့ လုံခြုံရေး၊ ကျန်းမာရေးစသည်အားဖြင့် ဌာနပေါင်းစုံကနေ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးတိုင်ပင် အသိပေးထားပါတယ်ခင်ဗျာ့။
မေး။ ဟုတ်ကဲ့ပါရှင့်၊ အခု ဒီ ကျွန်မတို့ မြို့နယ်မှာပေါ့နော် အလယ်တန်းဆင့်၊ အထက်တန်းဆင့် ကျောင်းအရေ အတွက်နဲ့ (၁၂) နှစ်ပြည့်ပြီးတဲ့ ကျောင်းသား/ ကျောင်းသူဦးရေ ဘယ်လောက်ရှိလဲ ဆိုတာလေးကို ပြောပြပေးပါအုံးရှင့်။
ဖြေ။ ဟုတ်ကဲ့ ကျွန်တော်တို့မြို့နယ် မှာ အထက်တန်းကျောင်း (၉) ကျောင်း၊ အထက ခွဲ (၂၅) ကျောင်းရှိပါတယ်ဗျ၊ အလယ်တန်းကျောင်း (၂၆) ကျောင်း ရှိပါတယ်ဗျ၊ အလက ခွဲ (၁၀) ကျောင်း ရှိပါတယ်ဗျ၊ မူလွန် (၁၈)ကျောင်း ရှိပါတယ်ဗျ၊ အဲ ကျွန်တော်တို့ စုစုပေါင်း (၈၈) ကျောင်းပေါ့၊ အလယ်တန်း နဲ့ အထက်တန်း ကျောင်းသား ရှိတဲ့ ကျောင်း (၈၈) ကျောင်း၊ ကိုယ်ပိုင်ကျောင်းက (၃) ကျောင်းဆိုတော့ (၉၁) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်း (၁) ကျောင်း ဆိုတော့ (၉၂) ကျောင်း ရှိပါတယ်ဗျ၊ (၉၂) ကျောင်းမှာ ကျောင်းသားဦးရေအနေနဲ့ ကျွန်တော်တို့ ၁၂ နှစ်ပြည့်ပြီးသူ အလယ်တန်းကျောင်းသား(၄၇၉၅) ဦး၊ ၁၂ နှစ် ပြည့်ပြီးသူ အထက်တန်း ကျောင်းသား (၁၄၆၈) ဦး၊ စုစုပေါင်းထက်၊ လယ် အားလုံးပေါင်း မင်းဘူး (စကု) မြို့နယ်အနေနဲ့ ကျောင်းသား/ ကျောင်းသူပေါင်း (၆၂၆၃) ဦး ဆေးထိုးနှံဖို့ ကျွန်တော်တို့ စာရင်းကောက်ပြုစုထားပါတယ်ဗျ။
မေး။ ဟုတ်ကဲ့ပါရှင့်။ အခု ဒီ ကိုဗစ်-၁၉ ကာကွယ်ဆေးပေါ့နော် ဒီ ကျောင်းသားတွေ ခုနက ဆရာကြီးပြောတဲ့ စုရပ်တွေမှာ လာပြီးထိုးနိုင်ဖို့ အတွက်ကို ဆရာကြီးတို့အနေနဲ့ ဘယ်လိုမျိုးအသိပေးချက်တွေ ဆောင်ရွက်ထားသေးလဲရှင့်။
ဖြေ။ ဟုတ်ကဲ့ဗျ၊ ကျောင်းသူ/ ကျောင်းသားတွေ စုရပ်တွေမှာ ထိုးဖို့ဆို တချို့ အထက(၁) စုရပ်ဆိုရင် ကျွန်တော်တို့ ကျောင်းပေါင်း (၁၇) ကျောင်း လာထိုးမှာပါ၊ အဲတော့ သူတို့ စုရပ် ကျောင်းအုပ်ဆရာကြီးက သူ့ဆီမှာ ပါမယ့် ဒီ ဘေးကကျောင်းလေးတွေနဲ့ ကျောင်းအုပ်ဆရာကြီး တွေနဲ့ ဆွေးနွေးတိုင်ပင်မယ်ပေါ့၊ တိုင်ပင်ပြီးတော့ မှ ကျောင်းပေါင်း (၁၇) ကျောင်းကို ဆေးထိုး ရက်က ကျွန်တော်တို့ (၃) ရက်ထိုးမှာပေါ့၊ ၁၀ လပိုင်း ၁၄ ရက်၊ ၁၅ ရက်၊ ၁၆ ရက် (၃) ရက်ဆက် ထိုးမှာဖြစ်လို့ ပထမနေ့မှာတော့ ဘယ်ကျောင်းတွေ ဘယ်ကျောင်းတွေလာ ပေါ့၊ ဒုတိယနေ့ ကျရင် ဘယ်ကျောင်း၊ ဘယ်ကျောင်းတွေလာ၊ တတိယနေ့ ဘယ်ကျောင်း၊ ဘယ်ကျောင်းတွေ လာ အဲလို ကျွန်တော်တို့ ကျောင်းသားဦးရေ နဲ့ ခွဲပြီးတော့ တစ်နေ့ဆေးထိုးနိုင်တဲ့ ဦးရေ နဲ့ ကျောင်းသားဦးရေ ကျောင်းသားတွေလာရတာလည်း မပင်ပန်းအောင်ပေါ့၊ ဆေးထိုးတဲ့နေရာမှာလည်း ဝန်ထုပ် ဝန်ပိုးမဖြစ်အောင် အဲလိုမျိုး နေ့ခွဲပြီးတော့ ထိုးဖို့ စီစဉ်ပါတယ်ဗျ၊ အဲဒီမှာပဲ ကျွန်တော်တို့ ဆရာ/ ဆရာမတွေက ကျေးရွာမိမိတာဝန်ကျတဲ့ကျောင်းတွေကနေပြီးတော့ ကျောင်းသူ/ ကျောင်းသား တွေကို ထိန်းထိန်းသိမ်းသိမ်းနဲ့ အုပ်ချုပ်ပြီးတော့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့အတူ ဆေးထိုးစင်တာကိုလာမယ်၊ ဆေးထိုးစင်တာကို လာရောက်တဲ့ အခါမှာ ကျွန်တော်တို့ စင်တာ ကျောင်းတွေက ဒီကျောင်းတွေလာဖို့၊ ကျောင်းတွေတည်းဖို့၊ ခိုဖို့ပေါ့၊ ကျောင်းသားတွေ နားနေဖို့အတွက် အခန်းတွေ၊ သီးသန့်ခန်းတွေ သတ်မှတ်ပေးထားမယ်ပေါ့၊ အဲဒီပြီးတော့မှ ကျွန်တော်တို့ နဂိုစာရင်း ပြုစုထားတာနဲ့အညီ ဆေးထိုးစင်တာ မှာ ဝိုင်းပြီးတော့ ဆေးထိုးကြမယ်ပေါ့၊ လုံခြုံရေးကို လည်း ကျွန်တော်တို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှင့် တပ်မတော်သားတွေက လုံခြုံရေး တာဝန်ယူပေးမယ်၊ ကျွန်တော်တို့ ကွန်ပျူတာတို့၊ စာရင်းရေးသွင်းတာတို့ ဆရာ၊ ဆရာမတွေ တာဝန်ယူပေးမယ်၊ နောက်ခါကျတော့ ကျွန်တော်တို့ လူနာတင်ယာဉ် စီစဉ်ပေးထားမယ်၊ လူနာတင်ယာဉ် မှာ ကြီးကြပ်ဖို့ ဆရာ/ ဆရာမတွေလည်း စီစဉ်ပေးထားမယ်ပေါ့၊ အဲလိုမျိုးလေး ကျွန်တော်တို့ စီစဉ်ထားပါတယ်၊ လာတဲ့အခါမှာ ကျောင်းသူ/ ကျောင်းသားတွေအတွက် သောက်ရေသန့်တွေ စီစဉ်ပေးထားမယ်၊ နောက်ပြီး သူတို့အပေါ့အပါးသွားဖို့လည်း သန့်စင်ခန်းတွေ စီစဉ်ပေးထားမယ်၊ နောက်ကျေးရွာ လူထုတွေပါလာမယ်၊ ကျွန်တော်တို့ ဒီကျောင်းသူ/ ကျောင်းသားတွေ ကျောင်းအပေါ်မှာ စိတ်ဝင်စားမှုရှိစွာနဲ့ ကေျာင်းကိုလေးစားစေဖို့အတွက် ကျွန်တော်တို့ သန့်ရှင်းရေးတွေလည်း လုပ်ဆောင်ထားမယ်လို့ ကျွန်တော်တို့ ကြိုတင်ပြီးတော့ နှိုးဆော်ထားပါတယ်ဗျ။
မေး။ ဟုတ်ကဲ့ပါရှင့်။ အခု ဒီကျောင်းတွေ ပြန်ဖွင့်တော့မှာဆိုတော့ ကျောင်းတွေပြန်ဖွင့်တဲ့ အခါမှာရော ဆရာ/ဆရာမ တွေအကုန်လုံး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးသွားပြီလားရှင့်။
ဖြေ။ ဟုတ်ကဲ့ဗျ၊ ဆရာ/ ဆရာမ တွေရဲ့ ၈၀ ရာခိုင်နှုန်းလောက် ထိုးပြီးသွားပြီခင်ဗျ၊ ကျန်တဲ့လူတွေက ဘာကြောင့် ကျန်နေလဲဆိုတော့ တချို့က ကျွန်တော်တို့ positive ဖြစ်နေတဲ့အတွက် တချို့က မထိုးရသေးတာတွေရှိပါ တယ်ဗျ၊ တချို့ကျတောလည်း positive contact person (လူနာတွေနဲ့ထိစပ်တဲ့သူတွေ ဒီလိုတွေလည်း ကျွန် တော်တို့က သူတို့ သံသယ နဲ့ Quarantine Centre ဝင်နေတဲ့ သူလည်း ရှိပါတယ်ဗျ၊ တချို့ကျတော့လည်း ဖျားနာပြီးစ (၁) လ မပြည့်သေးလို့ မထိုးရသေးတဲ့ သူလည်း ရှိိပါတယ်ဗျ၊ အဲလိုလူတွေလောက်ပဲ အနည်းကျဉ်းလောက်ပဲ ကျန်ပါတော့တယ်ဗျ၊ တချို့ကျတော့လည်း ရောဂါအခံရှိလို့ပေါ့၊ နှလုံးရောဂါတို့၊ ဆီးချိုရောဂါ ရှိတဲ့သူတို့ ဒီလောက်ပဲ နည်းနည်းပါးပါး ကျန်ပါတော့တယ်ဗျ။
မေး။ ဟုတ်ကဲ့ပါရှင့်၊ အခု အသက် (၁၂) နှစ်အထက် ကျောင်းသား/ ကျောင်းသူတွေကို နိုင်ငံတော်ရဲ့ အစီအစဉ် နဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်မှု အပေါ်မှာလည်း ဆရာကြီးရဲ့ ဝမ်းသာပီတိ စကားသံလေးလည်း ကြားပါရစေရှင့်။
ဖြေ။ ဟုတ်ကဲ့ဗျ၊ ဘာပဲဖြစ်နေနေ ကျွန်တော်တို့က ကျောင်းတွေကလည်း ပိတ်ထားတဲ့အခါမှာ ကျောင်းသားတွေရော ဆရာ/ ဆရာမတွေရော ကျောင်းပြန်ဖွင့်ချင်နေကြပါပြီ၊ ကျောင်းသားတွေ ကလည်း ပြန်တက်ချင်နေကြ ပြီ၊ ဆရာမတွေကလည်း ပြန်ဖွင့်ချင်နေကြပြီပေါ့လေ၊ အဲဒီအခါမျိုးမှာ ဒီရောဂါကြောင့်သာ ကျွန်တော်တို့က ကျောင်းတွေကို ယာယီပိတ်ထားရတာ ဖြစ်တယ်၊ အခုကာကွယ်ဆေး ထိုးပေးမယ်ဆိုရင် ကျွန်တော်တို့စာကို အေးချမ်းစွာ သင်ကြားနိုင်မယ်၊ ပျော်ရွှင်စွာ သင်ကြားနိုင်မယ် ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ မိဘတွေရော၊ ဆရာ/ ဆရာမတွေရော၊ ကျောင်းသူ/ ကျောင်းသားတွေရော ဒီကာကွယ်ဆေး ထိုးမယ်ဆိုတဲ့အခါမှာ အလွန်ကို ဝမ်းသာအားရနဲ့ ကြိိုဆိုကြပါတယ်၊ တချို့ဆိုရင် ဟိုတုန်းက ကျောင်းမအပ်ခဲ့တဲ့ ကလေးတွေတောင်မှပဲ ကျောင်းအပ်တော့မယ်၊ ကာကွယ်ဆေးထိုးကြတော့မယ်၊ ဒီလိုတွေအသံ ကြားနေရတဲ့အခါမှာ အင်မတန်ပီတိ ဖြစ်ရပါတယ်ဗျ။
မေး။ ဟုတ်ကဲ့ပါရှင့်၊ ဆရာကြီးအနေနဲ့ ထပ်ပြီးတော့ ဘာများ ဖြည့်စွက်ပြီးတော့ ပြောချင်ပါသေးလဲရှင့်။
ဖြေ။ ဟုတ်ကဲ့ဗျ၊ အခု ကိုဗစ်ကာကွယ်ဆေး ထိုးတဲ့အခါမှာ အလယ်တန်းကျောင်းသား/ အထက်တန်းကျောင်းသား စာရင်းကောက်တဲ့အခါမှာ မှတ်ပုံတင်နံပါတ် မပါတဲ့ ကလေးတွေ ကို တွေ့နေရပါတယ်၊ အဲ တွေ့တဲ့အခါ မှာ ကျွန်တော်တို့ လူမှုရေးဝန်ကြီး ရဲ့ လမ်းညွှန်ချက် နဲ့ အညီ ကျွန်တော်တို့ ဒီ မှတ်ပုံတင်မရှိတဲ့ကလေးတွေကိုလည်း ကျွန်တော့်တို့ တစ်ပါတည်းပဲ မှတ်ပုံတင်လုပ်ဆောင်ဖို့လည်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနဲ့ ပေါင်းစပ်ပြီးတော့ ညှိနှိုင်းဆောင်ရွက်နေပါတယ်ဗျ။
ဟုတ်ကဲ့ပါရှင့်။ အခုလိုမျိုး ကျွန်မတို့ ပြန်/ဆက်ဦးစီးဌာနရဲ့ မေးမြန်းမှုလေးတွေကို ပြည့်ပြည့်စုံစုံလေးဖြေ ကြားပေးသွားတဲ့ ဆရာကြီး ဦးအောင်ဇော်ကို ကျွန်မတို့ ပြန်/ ဆက်ဦးစီးဌာန ရဲ့ကိုယ်စား ကျွန်မကနေ အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင့်။
ဇေယျာထက်