ကျိုက်လတ်မြို့နယ်၊ ထိန်ကျွန်းကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ကျိုက်လတ်   အောက်တိုဘာ  ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးမှ ပန်းခင်းစီမံချက်ဖြင့် ကျေးရွာများအရောက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ထိန်ကျွန်းကျေးရွာအုပ်စုတွင် ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်‌ရေးကတ်ပြား ပြုလုပ်ပေးရခြင်းနှင့်ပတ်သက်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းဆွေက ရှင်းပြောကြားခဲ့ပြီး၊ ကျေးရွာပြည်သူများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများကုိ မြို့နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများမှပြုလုပ်ဆောင်ရွက်ပေးခဲ့ရာ ၁၀နှစ်ပြည့်နိုင်ငံသား စိစစ်ရေးကတ်ပြား ကျား(၁)ဦး၊  မ(၅)ဦးပေါင်း(၆)ဦး၊ ၁၈နှစ်ပြည့်နိုင်ငံသား စိစစ်ရေး ကတ်ပြားကျား (၁၆)ဦး၊ မ(၁၇)ဦး ပေါင်း(၃၃)ဦး၊ ၁၀နှစ်ပြည့်နှင့် ၁၈နှစ်ပြည့် လဲလှယ်သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားကျား(၃၈)ဦး၊ မ(၄၄)ဦးပေါင်း (၈၂)ဦး၊ နှင့်နိုင်ငံသား စိစစ်ရေး ကတ်ပြား ပျောက်ဆုံး/ပျက်စီး မိတ္တူထုတ်ပေးမှု ကျား (၁၆)ဦးမ(၁၇)ဦး ပေါင်း(၃၃)ဦး၊ စုစုပေါင်းကျား(၇၁) ဦးမ(၈၃) ဦးပေါင်း (၁၅၄)ဦး ထုတ်ပေးခဲ့ကြောင်းသိရသည်။

ဌေးဌေးလှိုင်