ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် စားသုံးဆီများ သက်သာသောဈေးနှုန်းဖြင့် သဲကုန်းမြို့နယ်ရှိ ပြည်သူများအား ရောင်းချပေး

သဲကုန်း အောက်တိုဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ပြည်သူများ စားသုံးဆီကို သက်သာသောဈေးနှုန်း ဖြင့် ဝယ်ယူစားသုံးနိုင်ရေးနှင့် ဈေးကွက်အတွင်း စားသုံးဆီဈေးနှုန်း တည်ငြိမ်ရေးအတွက် ရည်ရွယ်ကာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ယနေ့ နံနက် ၇ နာရီအချိန်မှ စတင်ကာ သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာတွင် စားသုံးဆီတစ်ပိသာလျှင် (၃၇၅၀)ကျပ်နှုန်းဖြင့် တစ်အိမ်ထောင်လျှင် (၁)ပိဿာစီ စုစုပေါင်း  ဆီပိဿာ (၅၀၀) ပိဿာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးနှင့် အဖွဲ့မှ ဦးဆောင်ကာ တန်းစီစနစ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

နိုင်လင်း(ပြန်/ဆက်)