မိုင်းယောင်းတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၂၀ ဦး ဆေးရုံဆင်းခွင့်ရသဖြင့် စုစုပေါင်း ဆေးရုံဆင်းသူ ၄၂၇ ဦးရှိပြီဖြစ်

မိုင်းယောင်း အောက်တိုဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ယာယီ ဆေးကုသဆောင်များသို့ တက်ရောက် ဆေးကုသခံယူလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၂၀ ဦးအား ကျန်းမာရေး ပြန်လည်ကောင်းမွန်ပြီးဖြစ်သဖြင့် ယမန်နေ့တွင် ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ ဆေးရုံဆင်းခွင့်ရသူများသည် မိမိတို့နေအိမ်တွင် ခုနစ်ရက်ကြာ အသွားအလာ ကန့်သတ် နေထိုင်ရမည်ဖြစ်ပြီး ကျန်းမာရေး လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရမည် ဖြစ်ကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်တွင် ဇူလိုင် ၅ ရက်မှ အောက်တိုဘာ ရက်အထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၅၉၀ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၄၇ ဦး၊ သုံးဦး သေဆုံးပြီး ၁၀ ဦး ကျန်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

စိုင်းအောင်ဇော်လင်း