မိုင်းခတ် အောက်တိုဘာ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မိုင်းခတ်မေတ္တာ လူမှု ကူညီရေးအသင်းမှ မသန်စွမ်းအမျိုးသမီး နှစ်ဦးအား အလှူငွေနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ ညနေပိုင်းက သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မိုင်းခတ်မြို့နယ်၊ ဝမ်ခုတ်ကျေးရွာအုပ်စု၊ ဝမ်ခုတ်ကျေးရွာနှင့် ဟွေကျန့်ကျေးရွာမှ အတူနေ မိသားစုဝင်များမရှိကြသည့် မသန်စွမ်းအမျိုးသမီးနှစ်ဦးအား လစဉ် ငွေကျပ်နှစ်သောင်း၊ ခြောက်ပြည်ဆန်အိတ်နှစ်အိတ်၊ စားသုံးဆီဗူးကြီးတစ်ဗူး၊ အိုင်အိုဒင်းဆား တစ်ထုပ်၊ ဆပ်ပြာမုန့်၊ ဖယောင်းတိုင်၊ ကွေကာထုပ်နှင့်ကြက်ဥတို့အား မိုင်းခတ်မေတ္တာ လူမှုကူညီရေးအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်တို့က သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့သည်။
အဆိုပါ မသန်စွမ်းအမျိုးသမီးနှစ်ဦးအား လစဉ်ထောက်ပံ့နိုင်ရန်အလှူငွေများ ထည့်ဝင်လျက် ရှိရာ ဦးစိုင်းဆမ်တစ်မိသားစု (ကျိုင်းတုံ) မှ ငွေကျပ်ငါးထောင်၊ ဦးစိုင်းအေးမောင်+ဒေါ်နန်းစွဲ့မှ ငွေကျပ်ငါးထောင်၊ ဦးအောင်သန်းမိသားစုမှ ငွေကျပ်တစ်သောင်း၊ ခင်ခင်စားသောက်ဆိုင် မိသားစုမှ ငွေကျပ်တစ်သောင်းတစ်ထောင်၊ ဦးစိုင်းတွီမိသားစု (ကျိုင်းပင်း) မှ ငွေကျပ် တစ်သောင်း၊ စိုင်းနောင့် (ဆမ်ပီနောင့်ဖုန်းဆိုင်) မှ ငွေကျပ်နှစ်သောင်း၊ စိုင်းလာ+နန်းဆီဖောင်းမှ ငွေကျပ်နှစ်သောင်း၊ လမ်းဦးစီးဌာန အငယ်တန်း အင်/ယာ-၂(မြို့ပြ) ဒေါ်ကေသီလှိုင်မှ ငွေကျပ် တစ်သောင်း၊ မြို့နယ်စီမံကိန်း ဦးစီးမှူးဒေါ်သန်းသန်းနွဲ့မှ ငွေကျပ် ငါးထောင်၊ ဦးစံကျန်မှ ငွေကျပ်ငါးထောင်၊ ဦးစိုင်းလုံ+ဒေါ်နန်းကျော့မေမှ ငွေကျပ်ငါးထောင်တို့ကို အသင်းကြီးသို့ လစဉ်ထည့်ဝင် လှူဒါန်းလျက် ရှိကြောင်း သိရသည်။
မိုးဒေပြန်/ဆက်