ပလောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများအား အသိပညာ ပေး နှိုးဆော်

ပလောက်  အောက်တိုဘာ  

တနင်္သာရီတိုင်းဒေသကြီး၊၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အမှတ်(၄)ရပ်ကွက်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးဆိုင်ရာ အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့ညနေ (၃) နာရီက ပလောက်မြို့၊ အမှတ် (၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဝန်ထမ်းများ ပူးပေါင်း၍ ရပ်ကွက်အတွင်း ရှိလမ်းဆုံ၊ လမ်းခွတို့တွင် Handspeaker ဖြင့် လှည့်လည် အသိပညာပေး နှိုးဆော်ခဲ့သည်။

ထိုသို့ အသိပညာပေးနှိုးဆော်ဆောင်ရွက်ရာ၌ မိဘပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် အခါအား လျော်စွာ ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များအား ပြည်သူများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

နှင်းမြူလွင် (ပလောက်)