သပိတ်ကျင်းမြို့တွင် ပန်းခင်းစီမံချက် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များကွင်းဆင်း ဆောင်ရွက် ဖြန့်ဝေ

သပိတ်ကျင်း၊ အောက်တိုဘာ - ၈

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့၌ ပန်းခင်းစီမံချက် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို အောက်တိုဘာလ(၈)ရက် နံနက်(၇:၀၀)နာရီက ဆိပ်ကမ်း လမ်းဆုံနှင့် မြို့မဈေးတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးမှူး ဦးမင်းသူရနှင့်ဌာနဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်နှင့်ဌာနဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိနှင့် ဝန်ထမ်းများ ပူးပေါင်းပြီး ဆိပ်ကမ်းလမ်းဆုံနှင့်မြို့မဈေးရှိ ဈေးသူ/ဈေးသားများ၊ လမ်းသွား/လမ်းလာ ပြည်သူများအား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ဆောင်ရွက် ရာတွင် ပြည်သူများ အဆင်ပြေအလွယ်တကူ သိရှိနားလည်စေ ရန် ရည်ရွယ်ချက်ဖြင့် အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပေးပို့သူ         - စိုးနိုင်ဝင်း