ပခုက္ကူမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံလျက်ရှိ

ပခုက္ကူ အောက်တိုဘာ၈

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ယနေ့ နံနက် ၉ နာရီက ပခုက္ကူမြို့ထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနတွင် စုရပ်()ရပ်ဖြင့် ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရန် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန် ထားသော စည်းကမ်းချက်များနှင့်အညီ ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း Mask များ စနစ်တကျတပ်ဆင်ခြင်းတို့ကို ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း ဆောင်ရွက်လျက်သည်။

ပခုက္ကူမြို့နယ်အတွင်း စက်တင်ဘာ ၁၆ ရက်မှ အောက်တိုဘာ ၇ ရက်နေ့အထိ အသက် ၅၅နှစ်အထက်နှင့် ဦးစားပေးအုပ်စုဝင် ပြည်သူများ ၂၁၆၉၅ ဦးနှင့် ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ်များအလိုက် စုစုပေါင်း ၅၁၀၉၀ ဦးကို ဒုတိယသုတ် (ပထမအကြိမ်) ထိုးနှံပြီးစီးကြောင်း ပခုက္ကူမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

ဟိန်းသူ(ပြန်/ဆက်)