မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများတွင် Yellow Sticky Trap ထောက်ချောက်တပ်ဆင်

မင်းတုန်း အောက်တိုဘာ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများ၌ စပါးပင်တွင် ကျရောက်တတ်သော ဖြုတ်၊ ဆစ်ပိုး၊ နှံစုပ်ပိုး အစရှိသည့် ပိုးမွှားများရန်က ကာကွယ်နိုင်ရန် Yellow Sticky Trap ထောင်ချောက်များ အောက်တိုဘာလဆန်းတွင် စတင်ထားရှိကြောင်း သိရသည်။

အဆိုပါ Yellow Sticky Trap ထောင်ချောက် တပ်ဆင်ထားရှိခြင်းဖြင့် စပါးပင်တွင် ကျရောက်တတ်သော အင်းဆက်ပိုးမွှားများ သွားရောက်ကပ်ညိပြီး Trap တွင် ကပ်နေသော အင်းဆက်ပိုးမွှားများကို ကြည့်ခြင်းအားဖြင့် မည်သို့ကာကွယ်နှိမ်နင်းရမည်ကို သိနိုင်မည် ဖြစ်သည်။

စပါးတစ်ဧကလျှင် Yellow Sticky Trap အနည်းဆုံး()ခုသုံးနိုင်ပြီး Yellow Sticky Trap တပ်ဆင်ခြင်းကို စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက လက်တွေ့ကွင်းဆင်း၍ တောင်သူ များအား အသိပညာပေး ဆောင်ရွက်ခဲ့သည်။

အဆိုပါ Yellow Sticky Trap သည်ကုန်ကျစရိတ်သက်သာပြီး ဓါတုပိုးသတ်ဆေးဝါးများ ဈေးကြီးမြင့်မှုကြောင့် တောင်သူများ ကုန်ကျစရိတ်များစွာ သက်သာမည်ဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)