လေရှီး အောက်တိုဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်၊ ပိန္နဲကုန်းကျေးရွာ၌ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင် ဦးဆောင်၍ ဒေသဦးစီးအဖွဲ့ကိုယ်စားလှယ် ဦးကြူးစီးထောင်နှင့် ကျန်းမာရေး၊ မြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေး ဦးစီးဌာန၊ ပြန်/ဆက်၊ အုပ်စု/ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ စတုတ္ထအသုတ်(ပထမအကြိမ်) ကိုဗစ်-၁၉ ကာကွယ်ဆေးကွင်းဆင်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို သွားရောက်ကွင်းဆင်းနှံပေးရာတွင် ၎င်းကျေးရွာ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူဦးရေ စုစုပေါင်း(၇၅)ဦးအား သွားရောက် ကွင်းဆင်းထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
ဆိုင်းသား(လေရှီး)