သပိတ်ကျင်းမြို့၌ ကိုဗစ်- ၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပေးချက်နှင့်ကိုဗစ်ကာကွယ်ဆေး ထိုးနှံရန်လိုက်လံနှိုးဆော်

သပိတ်ကျင်း၊ အောက်တိုဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံကြရန် နှိုးဆော်ခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က မြို့ပေါ်ရှိရပ်ကွက်များအတွင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ (Hand Speaker) ဖြင့် လိုက်လံ နှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့လိုက်လံနှိုးဆော်ရာတွင် သပိတ်ကျင်းမြို့နယ် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဌာန ဝန်ထမ်းများမှ သပိတ်ကျင်းမြို့ပေါ်ရှိ ရပ်ကွက်များ အတွင်းသွားရောက်၍ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန်အတွက် မိမိအိမ်တွင်သာ နေထိုင်ရန်၊ မဖြစ်မနေ အပြင်သွားရမည် ဆိုပါက (Mask)ကို စနစ်တကျ တပ်ဆင်ရန်၊ ဧည့်သည်များ မိမိအိမ်သို့လာရောက်ခြင်းကို ခွင့်မပြုရန်နှင့် မိမိကိုယ်တိုင်လည်း တခြားအိမ်သို့ သွားရောက်လည်ပတ်ခြင်းမပြုရန်၊ အတတ် နိုင်ဆုံး လူစုလူဝေးရှောင်ကျဉ်ရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် များကို ဂရုစိုက်လိုက်နာပြီး မိမိတို့နေအိမ်၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနတွင် စစ်ဆေးပြီး ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ကာကွယ်ဆေးကို ပြည်သူများအနေဖြင့် မဖြစ်မနေထိုးကြရန်၊ (Hand Speaker)ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

သပိတ်ကျင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအသိပညာပေး လုပ်ငန်းများကို အပတ်စဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

 

 

စိုးနိုင်ဝင်း (သပိတ်ကျင်း)