အုတ်တွင်းမြို့နယ်​ ​ချင်းကုန်းကျေးရွာ၌ မြစိ​မ်းရောင်ရန်ပုံငွေများ ဆဋ္ဌမအကြိမ်ထုတ်ချေးပေး

အုတ်တွင်း    ဒီဇင်ဘာ   ၁၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ချင်းကုန်းကျေးရွာတွင် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ဆဋ္ဌမအကြိမ် ထုတ်ချေးပေးခြင်းကို ယနေ့မွန်းလွဲ( ၁) နာရီ​အချိန်က အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါမြစိမ်းရောင်စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံ‌ငွေ ပေးအပ်ခြင်းနှင့်ပတ်သက်၍ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စုနွယ်ဝင်းက ရှင်းလင်း​ပြောကြားခဲ့ပြီး မြစိမ်းရောင် စီမံကိန်း ဆောင်ရွက် လျက်ရှိသော စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ (၄၉)ဦး၊ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ(၇၉)ဦး၊ အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ(၄)ဦး၊ စုစုပေါင်းအသင်းသား (၁၃၂)ဦးအား ချေးငွေကျပ်၃၉ဒဿမ၁သန်းကို တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အသီးသီးပေးအပ်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှသိရသည်။

ခင်ခင်မာ