ကြံခင်း ဒီဇင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်ယနေ့နေ့လည်(၂)နာရီအချိန်ကစာအုပ်စာပေချစ်မြတ်နိုးသူများBook Clubအဖွဲ့ဝင်များနှင့် Youth Club အဖွဲ့ဝင်များကစာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ပထမဦးစွာကြံခင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ မြို့နယ်ဦးစီးမှူးဒေါ်လှိုင်ပို့ပို့ဇင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီ Book Clubအသင်းဝင် ဦးမြတ်ထွန်းမှ စာရေးဆရာလူထုစိန်ဝင်းရေးသားသော "စိတ်ချမ်းသာအောင်ဘယ်လိုနေရမလဲနှင့်အခြားဆောင်းပါးများ"စာအုပ်မှ စိတ်ချမ်းသာအောင်နေထိုင်ခြင်းဖြင့် အကျိုးဖြစ်လာပုံများနှင့် စိတ်မချမ်းသာအောင်နေခြင်း၏အကျိုးအပြစ်၊ အဓိကအကြောင်းများ၊ စိတ်နေစိတ်ထားတတ်ဖို့နှင့်ကြောက်စိတ်ဖြစ်နေခြင်းမှာ တရားကိုမစွဲမြဲလို့ပင်ဖြစ်ကြောင်း၊ ဗုဒ္ဓအဆုံးအမဖြင့်နေထိုင်နိုင်ဖို့အကျိုး၊အပြစ်ခွဲခြားဆင်ခြင်နိုင်မှုများကိုပုံဖော်ရေးသားထားခြင်းအားဆွေးနွေးပါသည်။
ဆက်လက်ပြီးBook Club အဖွဲ့ဝင်များဖြစ်သော ဦးလှိုင်ဝင်းမှ"လူလိမ္မာနဲ့လူမိုက်"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Youth Clubအဖွဲ့ဝင်ဖြစ်သောဒေါ်စန်းစန်းသစ်က"မိန်းမသားတွေဂုဏ်ထူးဆောင်အိမ်စေမဖြစ်ဖို့"ခေါင်းစဉ်ဖြင့်အသိပညာပေးဂဏ္ဍဆောင်းပါးများကိုအသီးသီးဆွေးနွေးကြပါသည်။
ထိုနောက်တတ်ရောက်လာကြသောစာအုပ်စာပေချစ်မြတ်နိုးသူBook Clubနှင့် Yuth Clubအဖွဲ့ဝင်များကခေါင်းစဉ်ပါအကြောင်းအရာအားတစ်ဦးချင်းစီမှမိမိတိုအမြင်များအားအပြန်အလှန်ဆွေးနွေးခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)