ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာကေတမြို့နယ်ရုံးမှ စာဖတ်ရှိန်မြှင့်တင်ရေး အတွက် နည်လည့်ကွင်းဆင်း ဆောင်ရွက်

ရန်ကုန် ဒီဇင်ဘာ ၁၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် ရုံးမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာပိုမိုတိုးပွားပြီး ဗဟုသုတရရှိစေရန်နှင့် စာဖတ်ရှိန် မြှင့်တင်ရန်အတွက် နယ်လှည့်ကွင်းဆင်းပြီး နံရံကပ်စာစောင်ပြပွဲ၊ ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် စာအုပ်ငှားရမ်းခြင်းများကိုဆောင်ရွက်လျက်ရှိပါသည်။

ထိုကဲ့သို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာတွင် သာကေတမြို့နယ်၊ အမှတ်(၂၅) အခြေခံပညာ မူလတန်းကျောင်းတွင် ယနေ့နံနက်(၁၁)နာရီ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာကေတမြို့နယ်ရုံးမှ ကျောင်းသားကျောင်းသူလေးများကို လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ ကိုဟောပြောခဲ့ပြီး၊ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ဗီနှိုင်းများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်ဗီနှိုင်းများနှင့် ကလေးများဗဟုသုတ ရဖွယ်စာအုပ်များကို ပြသခဲ့ကြောင်းသိရသည်။

ဆောင်းနှင်းဖြူ(ပြန်ဆက်)