ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး( Sinopharm ) ပထမအကြိမ် ဒုတိယနေ့ ဆက်လက်ထိုးနှံပေးလျက်ရှိ

ဖလမ်း ဒီဇင်ဘာ ၁၇


ချင်းပြည်နယ်၊ဖလမ်းမြို့၌ အသက်(၁၈)နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ကာကွယ်ဆေးပထမအကြိမ်(ဒုတိယနေ့)ထိုးနှံပေးခြင်းကို ဒီဇင်ဘာလ ၁၇ ရက်၊နံနက် ၉ နာရီမှစတင်ကာ ဖလမ်းမြို့၊ သူနာပြုသင်တန်းကျောင်း၊ချယ်ရီခန်းမဆောင်၌ ဆက်လက်ထိုးနှံ‌ပေးလျက်ရှိကြောင်းသိရသည်။


ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm)ပထမအကြိမ်ထိုးနှံပေးရာတွင်ကာကွယ်ဆေးလာ ရောက် ထိုးနှံသူများကို လက်သန့်ဆေးရည်ဖြင့်လက်ဆေးစေခြင်း၊ပါးစပ်နှာခေါင်းစည်း(Mask) တပ်ဆင်စေခြင်း၊ သတ် မှတ်ထားသည့်အကွာအ‌ဝေးအတိုင်းစနစ်တကျ တန်းစီ‌စေပြီး‌နောက် ကာကွယ်ဆေးမထိုးနှံပေးမီ  ဆေးထိုးမှတ် တမ်းများရေးသွင်းခြင်းပြုလုပ်ပြီးနောက်ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm)ထိုးနှံပေးခဲ့ရာလာရောက် ထိုးနှံသူကျား (၁၀၆)ဦးနှင့် မ (၁၃၄)ဦး စုစုပေါင်း ( ၂၄၀)ဦးရှိကြောင်း သိရသည်။


ကာကွယ်ဆေးထိုးနှံပေးမှုကို ဖလမ်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးစောထွန်းဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ နှင့်အဖွဲ့ဝင်များကကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရသည်။


ခရိုင်ပြန်ဆက်