စစ်တွေမြို့ရှုခင်းသာလမ်း(ကမ်းနားလမ်း)၌ ရွေ့လျားစာကြည့်တိုက်ဖွင့်လှစ်
Oct 10,2021
လူငယ်၊ လူရွယ်များအား စာအုပ်စာပေကို လေ့လာဖတ်ရှုမှု ပိုမိုတိုးပွားလာစေရန်၊ စာပေဖတ် ရှုခြင်းဖြင့် အသိ ပညာဗဟုသုတများတိုးပွားလာစေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ စစ်တွေခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စစ်တွေမြို့၊ ရှုခင်းသာလမ်း(ကမ်းနားလမ်း)၌ ရွှေ့လျားစာကြည့်တိုက် Mobile Library ဖွင့်လှစ်ကာ အပတ်စဉ်စနေ နေ့တိုင်းစာအုပ်စာပေများကို အခမဲ့ ငှားရမ်းလျက်ရှိသည်။