ကံမ ဒီဇင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်၌ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် ပြည်သူများနှင့် အသက်(၁၂)နှစ် အထက်ကျောင်းသားကျောင်းသူများအား ဆေးထိုးစုရပ် အသီးသီး၌ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopham) ထိုးနှံပေးခြင်းအား ဆက်လက် ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် ကာကွယ်ဆေးထိုးခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာ ပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းများ လုပ်ငန်းများ ဆောင်ရွက်ပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံသူများ၏ အမည်စာရင်း ဖြည့်သွင်းခြင်း၊ မီးသတ်တပ်ဖွဲ့ဝင်များက သက်ကြီးဘိုးဘွား များနှင့် မသန်စွမ်းသူများအား ကူညီဆောင်ရွက်ခြင်း လုပ်ငန်းများအား ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ကျော်ဇေယျဝင်း