အောင်လံ ဒီဇင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ အောင်လံမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ပန်းမတကျေးရွာရှိ ပန်းမတလျှပ်စစ်မြစ်ရေတင်ဖြင့် စိုက်ပျိုးသော တောင်သူ ဦးအောင်သောင်း၏ ကွင်းအမှတ်-၇၆က၊ ဦးပိုင်အမှတ် ၄၀ တွင် စိုက်ပျိုးထားသော (၂.၃၆)ဧကအား ဧရာမင်းစပါးမျိုး မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၈နာရီက ပြုလုပ်ခဲ့သည်။
အဆိုပါ မိုးစပါးစံကွက် ရိတ်သိမ်းခြွေလှေ့ခြင်း ကွင်းသရုပ်ပြပွဲသို့ ခရိုင် စိုက်ပျိုးရေးဦးစီးမှူး၊ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးမှူး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှု အားပေးခဲ့ပြီး ပန်းမတလျှပ်စစ် မြစ်ရေတင် ဆောင်ရွက်မှု အခြေအနေအား ကြည့်ရှု စစ်ဆေးခဲ့သည်။
တောင်သူ ဦးအောင်သောင်း၏ ကွင်းအမှတ်-၇၆က၊ ဦးပိုင်အမှတ် ၄၀ တွင် စိုက်ပျိုး ထားသော(၂.၃၆)ဧကအား ဧရာမင်းစပါးမျိုးစံကွက် ရိတ်သိမ်းရာတွင် တစ်ဧက အစိုထွက် (၉၈)တင်း ထွက်ရှိကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)