ဆိပ်ဖြူ ဒီဇင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မြို့နယ်အတွင်းရှိ မဲဆန္ဒရှင် လူဦးရေ စာရင်းများ ကြိုတင်စိစစ်ပြီး အချိန်မီအောင်မြင်စွာ ပြုစုဆောင်ရွက်နိုင်ရေး လုပ်ငန်းများအား မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ကြသည့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ပညာရေးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ကျန်းမာရေး ဦးစီးဌာနတို့အပြင် မြို့နယ်အတွင်းရှိ ကျန်ရှိသောဌာန ဆိုင်ရာများပူးပေါင်းပြီး လူဦးရေစာရင်းများ မှန်ကန်ရေး စိစစ်ခြင်း၊ ကွန်ပျူတာများဖြင့် စာရင်းများပြန်လည် ပြုစုခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ဆိပ်ဖြူမြို့နယ်၌ ယခုလိုဆောင်ရွက်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ပါ လုပ်ငန်းစဉ်အမှတ်(၅)အရ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိရာ ရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း၍ မြို့နယ်အလိုက် လူဦးရေစာရင်းများ ကြိုတင်ပြုစုထားရှိရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် အဓိကပူးပေါင်း ဆောင်ရွက်ရမည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ ဌာနဆိုင်ရာများရှိ ဝန်ထမ်းများတို့ကလည်း လူဦးရေစာရင်းများ ကြိုတင် ပြုစုရာတွင် ပူးပေါင်းကူညီ ဆောင်ရွက် ပေးနေကြောင်း သိရသည်။
ကိုမျိုး (ယောဧရာ)