ချောက်မြို့နယ်၌ ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲနှင့် ကျောင်းသား/သူများ၏ ရင်တွင်းစကားသံများ

ချောက်   ဒီဇင်ဘာ  ၁၈

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ မူလတန်း ပုဂံကျောင်းတို့ပူးပေါင်း၍ ဒီဇင်ဘာ (၁၆)ရက်နေ့က ချောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန၊(Community Centre) ခန်းမ၌ ၇၄နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုအားကစား ပြိုင်ပွဲနှင့် ဆုပေးပွဲ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်သိမ့်ဝါမှ  ၇၄ နှစ်မြောက် လွတ်လပ် ရေးနေ့အကြို အားကစားပြိုင်ပွဲပြုလုပ်ရခြင်းမှာ ကျောင်းသား၊ ကျောင်းသူ လေးများကာယ၊ ဉာဏ်စွမ်းရည် တိုးတက်စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း ဦးစွာရှင်းလင်းပြောကြားသည်။
ယင်းနောက် ကျောင်းသား/သူလေးများက အပြေးပြိုင်ပွဲ၊ ဂေါ်လီလုံးကောက်ပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ် ပြိုင်ပွဲ၊ ပူစီဖောင်း ဖောက်ပြိုင်ပွဲတို့ကို ယှဉ်ပြိုင်ခဲ့ကြသည်၊ ပြိုင်ပွဲတွင်ဆုရရှိသူများကို တစ်ဦးချင်းအလိုက် ဆုများ ချီးမြှင့်ပေးအပ်ခဲ့ပြီးနောက် ပြိုင်ပွဲဝင်ကျောင်းသား /သူလေးများ၏ ရင်တွင်းစကား သံများမှာ"သားတို့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ ပြန်/ဆက်ရုံးမှာ အားကစားပြိုင်ပွဲတွေ လာရောက်ယှဉ်ပြိုင်တာဖြစ်ပါတယ်၊ ကာတွန်း၊ ရုပ်ပြစာအုပ်တွေလည်း ဖတ်ခဲ့ ရပါတယ်။ သားသားကတော့ ဒီလိုပြိုင်ပွဲမျိုးတွေ အများကြီးယှဉ်ပြိုင်ချင်ပါသေးတယ်" ပြိုင်ပွဲဝင်ကလေးငယ်လေးများမှ လည်း ယှဉ်ပြိုင်ခဲ့သည် အားကစားပြိုင်ပွဲများနှင့် ထပ်မံယှဉ်ပြိုင်လိုသည် အားကစားနည်းများအကြောင်း ပျော်ရွှင်စွာဖြင့် ပြောကြားခဲ့ပါတယ်။

ဆက်လက်၍ ကျောင်သား/သူလေးများလေ့ လာဖတ်ရှုနိုင်စေရန် စာအုပ်စာစောင်များလည်း ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

ကျော်မိုး