သတင်းများ

ညောင်လေးပင်မြို့နယ် မြို့မစျေးကြီးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြ ဇာတ်တိုက် လေ့ကျင့်
Dec 19,2021
ပဲခူးတိုင်းဒေသကြီး ၊ ညောင်လေးပင်မြို့နယ် မြို့မဈေးကြီးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲ ၃နာရီအချိန်တွင် မြို့မစျေးကြီးအတွင်း ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
မော်လမြိုင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေးလုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ် ပါ မှတ်တမ်းဓါတ်ပုံများ ပြသပေး
Dec 19,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံ ကပ်ပြ ဘုတ်တွင် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ပြည်သူ့အကျိုးပြုမှတ်တမ်းဓါတ်ပုံများ ၊နေ့ထူး နေ့မြတ် ဆိုင်သည့် အကြောင်းအရာများကို စဉ်ဆက်မပြတ်ပြသပေးလျက်ရှိသကဲ့သို့ နိုင်ငံတော် စီမံ အုပ်ချုပ်ရေး ကောင်စီ၏ ရှေးလုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉) ရပ်ပါမှတ်တမ်းဓာတ်ပုံများကိုလည်း ပြည်သူများ သိရှိနိုင်စေရန်ရည်ရွယ်၍ ပြသပေးထားရာ ယနေ့နံနက်ပိုင်းတွင် လာရောက် ကြည့်ရှုသူ များပြားကြောင်း သိရသည်။
သထုံခရိုင်ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ
Dec 19,2021
မွန်ပြည်နယ်၊ သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ်‌ ဆောင်ရွက်လျက်ရှိရာ ယနေ့၊ နံနက်က ပုံပြောခြင်း အစီအစဉ်အား ဝန်ထမ်းများက ရိုက်ကူးထုတ်လွှင့်ပေးခဲ့ကြောင်း သိရသည်။
မင်းဘူးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ဒီဇင်ဘာ အားကစားလှုပ်ရှားမှု ခြင်းအလှခတ်ခြင်း ကျင်းပပြုလုပ်
Dec 19,2021
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးဝင်း အတွင်း ဒီဇင်ဘာ အားကစားလှုပ်ရှားမှု တစ်ရပ်အနေနဲ့ ရိုးရာခြင်းအလှ ခတ်ခြင်းများကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
မြိတ်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး
Dec 19,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် စာသင်ကျောင်းများသို့ လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများမှ ကွင်းဆင်း၍ ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် အထက(၃)ကျောင်းမှ ကျောင်းသား/သူများအား ပြုလုပ်ပေး လျက်ရှိသည်။
ဒက္ခိဏခရိုင်ရုံးလူထူအခြေပြုဗဟိုဌာနCommunity Centreတွင် ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း အားကစားလှုပ်ရှားမှုများ ဆောင်ရွက်
Dec 19,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး လူထူအခြေပြုဗဟိုဌာန(Community Centre)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်(အကြို) ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း အားကစားလှုပ်ရှားမှု Physical Fitness Dance သရုပ်ပြခြင်းအား Onlineမှတင်ဆက်ရန်အတွက် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၃) အခြေခံပညာ အလယ် တန်းကျောင်း သမီးငယ်လေးများက Physical Fitness Dance သရုပ်ပြကပြခြင်းကို  ရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့သည်။
ကျောက်မဲမြို့နယ်တွင် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်
Dec 19,2021
ရှမ်းပြည်နယ်‌(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းတွင် ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။  
လိပ်သိုမြို့ လ္ဘက်အင်းအောက်ကျေးရွာ၌  လျှပ်စစ်မီးဖွင့်ပွဲ ပြုလုပ်
Dec 19,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ လ္ဘက်အင်းကြီးကျေးရွာအုပ်စု လ္ဘက်အင်းအောက်ကျေးရွာတွင် ယမန်နေ့က လျှပ်စစ်မီးဖွင့်ပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။