မတ္တရာမြို့နယ်၌ ပြည်သူ ၃၃၄၇၁ဦးအား ကိုဗစ်၁၉ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးပြီးဖြစ်
Oct 12,2021
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေး သူများအား ကာကွယ်ဆေးများထိုးနှံပေးခြင်းလုပ်ငန်းကို အောက်တိုဘာလ ၁၂ ရက်နေ့က ဆက်လက်ထိုးနှံပေးလျက်ရှိရာ အထက(မတ္တရာ) အောင်ဆန်းခန်းမနှင့် အခြားမိုဘိုင်း ဆေးထိုးယာဉ်တို့တွင် မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့မှ ဦးစီး၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည်။