မင်းဘူးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ဒီဇင်ဘာ အားကစားလှုပ်ရှားမှု ခြင်းအလှခတ်ခြင်း ကျင်းပပြုလုပ်

မင်းဘူး    ဒီဇင်ဘာ    ၁၉

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးဝင်း အတွင်း ဒီဇင်ဘာ အားကစားလှုပ်ရှားမှု တစ်ရပ်အနေနဲ့ ရိုးရာခြင်းအလှ ခတ်ခြင်းများကို ယမန်နေ့ ညနေ ၃ နာရီအချိန်က  ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မင်းဘူး(စကု)မြို့နယ် ကိုယ်စားပြု လက်ရွေးစင် အားကစားအဖွဲ့ဖြစ်သော ကိုရန်လင်း အောင် အားကစားအဖွဲ့မှ ဒူး၊ ဖဝါး၊ ခြေခွင်၊ ခြေဖျား၊ ခြေဖနောင့်၊ ခြေဖမိုးစသော မြန်မာ့ရိုးရာ ခြင်းအလှ ခတ်နည်းများဖြင့် စုံလင်စွာ အသုံးတော်ခံ ခတ်ပြသွားခဲ့သည်။

ဆက်လက်၍ ဒုတိယပွဲစဉ်အနေနဲ့ ကျောင်းတော်ရာ ကိုယ်စားပြု မြန်မာ့လက်ရွေးစင် ခြင်းအဖွဲ့ဖြစ်သော ကိုလှမျိုးမင်း ခြင်းအဖွဲ့မှ စလွယ်၊ ဝိုက်ခြင်း၊ မဟာဒူး၊ နှစ်ထပ်ခြင်း၊ ရှပ်ခြေထိုး ခြင်း၊ နှစ်ထပ်ဒူးစသော ရှေးခေတ် မြန်မာ့ရိုးရာ ခြင်းပညာကို သူမတူအောင် လှပဆန်း ကြယ်စွာ တင်ဆက်ခတ်ပြခဲ့သည်။

ထို့နောက် မကွေးတိုင်းဒေသကြီးမှ စတုတ္ထတန်းကျောင်းသားလေး မောင်နေတိုးက တစ်ကိုယ် တော် ခြင်းအစွမ်းဖြင့် အသေး၊ အလတ်၊ အကြီးခြင်းမျိုးစုံ ခတ်ပြခဲ့သည့်အပြင် ကြိုးကွင်းများဖြင့် ကျော်ဖြတ်၍ တစ်ကိုယ်တော်အစွမ်းဖြင့် ခတ်ပြသွားခဲ့ပြီး မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က အားကစား သမား များကိုယ်စားခြင်းအဖွဲ့ခေါင်းဆောင် ကိုလှမျိုးမင်းအား ဝတ်စုံများနှင့် လက်ဆောင် ပစ္စည်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)