ညောင်လေးပင် ဒီဇင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး ၊ ညောင်လေးပင်မြို့နယ် မြို့မဈေးကြီးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲ ၃နာရီအချိန်တွင် မြို့မစျေးကြီးအတွင်း ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်ဒုမီးသတ်ဦးစီးမှူး ဦးကျော်နိုင်ဟိန်း ဦးဆောင်သော တပ်ဖွဲ့ဝင်များ၊ အရန်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ စျေးကော်မတီဝင်များပူးပေါင်း၍ မီးသတ်ဆေးဘူးအသုံးပြုပုံ ၊ ဆီမီးလောင်မှုအား မီးသတ်ဆေး ဘူးအသုံးပြု၍ မီးငြှိမ်းသတ်မှုများကို ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
အဆိုပါ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ရာသို့ မြို့နယ် အုပ်ချုပ်ရေးမှူးဦးမြို့နိုင်နှင့် အဖွဲ့ဝင်များ၊ ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများမှ ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)