သတင်းများ

ပိုင်ကျုံမြို့၌ တတိယအသုတ်(ပထမ)အကြိမ်တွင် (၂)ရက်အတွင်း ကာကွယ်ဆေးလာရောက်ထိုးနှံသူ(၁၈၃၀)ဦးရှိ
Oct 12,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကိုဗစ် ၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုကို လျှော့နည်းစေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို အောက်တိုဘာလ(၁၀)ရက်နေ့မှ စတင်ထိုးနှံလျက်ရှိရာ အောက်တိုဘာ လ(၁၁) ရက်နေ့အထိ (၂)ရက်အတွင်း လူဦးရေ(၁၈၃၀)ဦး လာရောက်ထိုးနှံခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေး
Oct 12,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန် အတွက် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးစားပေး အုပ်စုအလိုက် ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်အတွင်း ဇုံနယ်မြေ (၉)ဇုံ ခွဲခြားသတ်မှတ်ပြီး ဇုံနယ်မြေအလိုက် သတ်မှတ်နေရာ များတွင် စက်တင်ဘာ (၂၀)ရက်နေ့မှစ၍ နေ့စဉ် နံနက် ၉နာရီမှစ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမ အကြိမ် ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။
ချောင်းသာမြို့ရှိ တည်ခိုးခန်းများမှ ဝန်ထမ်း (၁၈၁)ဦးတို့အားRDT- Test ဖြင့်စစ်ဆေးရာ ရောဂါပိုး(၂)တွေ့ရှိ
Oct 12,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ရှိတည်ခိုခန်းဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက စတင်၍ RDT- Test ဖြင့် စစ်ဆေးပေး ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး နှိုးဆော်ချက်များအသိပေး နှိုးဆော်
Oct 12,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင်ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွားမှုကို အမြန် ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးနှင့် ကြိုတင် ကာကွယ်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးခြင်း လုပ်ငန်းများကိုအရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကျန်းမာရေး ဝန်ကြီးဌာနကထုတ်ပြန်သည့်ပြည်သူသို့ အသိပေးပန်ကြားချက်များကို ကာကွယ်ဆေးထိုးရန် စုရပ်ဖြစ်သည့် ပိုင်ကျုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင်ကရင်၊မြန်မာ နှစ်ဘာသာဖြင့် အသိပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မိုင်း‌နောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု အန္တရာယ်မှကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများအရှိန်အဟုန်မြှင့်ဆောင်ရွက်
Oct 12,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်း နောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့ကိုဗစ်-၁၉ကော်မတီ၀င်များ နှင့်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မြို့‌ပေါ်ရပ်ကွက်များနှင့် ၀မ်စိမ်းကျေးရွာသို့ သွားရောက်၍‌ နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နမ့်ခမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများနှင့် ပြင်းထန်ရောဂါလက္ခဏာ ခံစားရသူများ ပြန်လည်များပြားလာသည့်အတွက် ပြည်သူများမှ လိုက်နာရန် ကျန်းမာရေးလမ်းညွှန်ချက်များ လိုက်လံအသိပေးနှိုးဆော်
Oct 12,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများနှင့် ပြင်းထန် ရောဂါလက္ခဏာ ခံစားရသူများ ပြန်လည်များပြားလာသည့်အတွက် ရောဂါကြိုတင် ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများဖြစ်သည့် ကျန်းမာရေးအသိပညာပေး လမ်းညွှန်ချက် များကို ယနေ့နံနက်ပိုင်း (၁၀) နာရီအချိန် နမ့်ခမ်းမြို့ပေါ်ရှိ လူစည်ကားရာ နေရာများ၌ လိုက်လံ အသိပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။
အောင်လံမြို့နယ်၌ ဝါသီးနှံစိုက်ခင်းအားဆေးဖျန်းစက်ဖြင့်ဆေးဖျန်းခြင်း တောင်သူပညာပေးသရုပ်ပြပွဲကျင်းပ
Oct 12,2021
မကွေးတိုင်းဒေသကြီး၊ ‌သရက်ခရိုင်၊ အောင်လံမြို့နယ်၌ ဝါသီးနှံစိုက်ခင်းအားဆေးဖျန်းစက်ဖြင့် ဆေးဖျန်းခြင်း တောင်သူပညာပေးသရုပ်ပြပွဲကို ယမန်နေ့နံနက်(၈)နာရီက ပိတောက်ကုန်း ကျေးရွာအုပ်စု တောင်သူ ဒေါ်ဝိုင်းကြည်ပိုင်ဆိုင်သော ယာမြေကွက်အတွင်းစိုက်ပျိုးထားသည့် ဝါသီးနှံစိုက်ခင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မန်တုံမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိ ပိုးတွေ့ရှိသူ(၉၈)ဦးထိရှိလာ
Oct 12,2021
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ရောဂါပိုး တွေ့ရှိသူနှင့်ဆက်စပ်မှုရှိသည့် သံသယရှိသူပေါင်း (၁၅) ဦးအား ကျန်းမာရေးဌာနတာဝန်ရှိသူများမှ RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ အမျိုးသမီး(၁)ဦး တွင်ရောဂါပိုးကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိရ ကြောင်း သိရသည်။