သတင်းများ

မြိတ်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး
Dec 19,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် စာသင်ကျောင်းများသို့ လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများမှ ကွင်းဆင်း၍ ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် အထက(၃)ကျောင်းမှ ကျောင်းသား/သူများအား ပြုလုပ်ပေး လျက်ရှိသည်။
ဒက္ခိဏခရိုင်ရုံးလူထူအခြေပြုဗဟိုဌာနCommunity Centreတွင် ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း အားကစားလှုပ်ရှားမှုများ ဆောင်ရွက်
Dec 19,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး လူထူအခြေပြုဗဟိုဌာန(Community Centre)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်(အကြို) ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း အားကစားလှုပ်ရှားမှု Physical Fitness Dance သရုပ်ပြခြင်းအား Onlineမှတင်ဆက်ရန်အတွက် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၃) အခြေခံပညာ အလယ် တန်းကျောင်း သမီးငယ်လေးများက Physical Fitness Dance သရုပ်ပြကပြခြင်းကို  ရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့သည်။
ကျောက်မဲမြို့နယ်တွင် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်
Dec 19,2021
ရှမ်းပြည်နယ်‌(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းတွင် ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။  
လိပ်သိုမြို့ လ္ဘက်အင်းအောက်ကျေးရွာ၌  လျှပ်စစ်မီးဖွင့်ပွဲ ပြုလုပ်
Dec 19,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ လ္ဘက်အင်းကြီးကျေးရွာအုပ်စု လ္ဘက်အင်းအောက်ကျေးရွာတွင် ယမန်နေ့က လျှပ်စစ်မီးဖွင့်ပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့တွင် နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်တစ်ပါး ရွေးချယ်ခြင်း အခမ်းအနားကျင်းပ
Dec 19,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ဖောင်ရွာရပ်ကွက် နေလသုခဓမ္မာရုံတွင် ယမန်နေ့မွန်းလွဲ (၁)နာရီက နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော် (၁)ပါး ရွေးချယ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်ဓာတ်ပုံပြပွဲ ပြုလုပ်ကျင်းပ
Dec 19,2021
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ်အဖြစ်  ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ဒီဇင်ဘာလ ၁၈ ရက် နံနက်ပိုင်းက အလယ်တန်းအဆင့်ကျောင်းသားကျောင်းသူများအား အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲအား ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးစည်းကမ်းချက်များနှင့်အညီ  ပြုလုပ်ကျင်းပသည်။
မန်းရွှေစက်တော်ဘုရား ဓာတ်လှေကားတာဝါဆောက်လုပ်မှု ၈၅ ရာခိုင်နှုန်းကျော်ပြီးစီး
Dec 19,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီးတွင် တည်ဆောက်လျက်ရှိသော ဓါတ်လှေကားတာဝါဆောက်လုပ်နေမှု လုပ်ငန်းများအားလုံး ၈၅ ရာခိုင်နှုန်း ကျော် တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း ဓါတ်လှေကားဆောက်လုပ်ရေးကုမ္ပဏီ Project မန်နေဂျာ ဦးသန်းလွင်ထံမှ သိရသည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပြည်မြို့နယ် သစ်ချိုပင်အုပ်စု၌ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်း လျက်ရှိသော မိုးနှောင်းချည်မျှင်ရှည် ဝါကောက်သိမ်းပွဲသို့ ကွင်းဆင်းကြည့်ရှု အားပေး
Dec 19,2021
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ပြည်မြို့နယ် သစ်ချိုပင်အုပ်စု၌ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းလျက်ရှိသော တောင်သူများ၏ မိုးနှောင်း ချည်မျှင်ရှည် ဝါကောက်သိမ်းပွဲသို့ ကွင်းဆင်းကြည့်ရှု အားပေးသည်။