မော်လမြိုင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေးလုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ် ပါ မှတ်တမ်းဓါတ်ပုံများ ပြသပေး

မော်လမြိုင်        ဒီဇင်ဘာ            ၁၉

 

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံ ကပ်ပြ ဘုတ်တွင် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်  ပြည်သူ့အကျိုးပြုမှတ်တမ်းဓါတ်ပုံများ ၊နေ့ထူး နေ့မြတ် ဆိုင်သည့် အကြောင်းအရာများကို စဉ်ဆက်မပြတ်ပြသပေးလျက်ရှိသကဲ့သို့ နိုင်ငံတော် စီမံ အုပ်ချုပ်ရေး ကောင်စီ၏ ရှေးလုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉) ရပ်ပါမှတ်တမ်းဓာတ်ပုံများကိုလည်း ပြည်သူများ သိရှိနိုင်စေရန်ရည်ရွယ်၍ ပြသပေးထားရာ   ယနေ့နံနက်ပိုင်းတွင်  လာရောက် ကြည့်ရှုသူ များပြားကြောင်း သိရသည်။

 

အဆိုပါ နံရံကပ်ပြဘုတ်တွင် ပြသထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေးလုပ်ငန်း စဉ်(၅) ရပ်နှင့်   ဦးတည်ချက်(၉)ရပ်  ချမှတ်အကောင်ထည်ဖော်  ဆောင်ရွက်ချက်များကို ပြည်သူများ အလွယ် တကူ   ကြည့ ရှုနိုင်စေရန်အတွက်  မှတ်တမ်းဓာတ်ပုံများအား    ဗီနိုင်းပိုစတာကြီးဖြင့်   ပြသ ပေးထားရာ စာဖတ် ပရိတ်သတ်များ၊  လမ်းသွား၊လမ်းလာ   ပြည်သူများကလည်း   စိတ်ပါဝင်စားစွာ ဝင်ရောက်ကြည့် ရှုကြကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)