သတင်းများ

မင်းလှမြို့တွင် “မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show  ဆွေးနွေးပွဲ  ပြုလုပ်
Dec 19,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် “ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး” ခေါင်းစဉ်ဖြင့် အသိပညာ‌ပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘူးသီးတောင်မြို့၌ ခမီရိုးရာနှစ်သစ်ကူး(ဆနီ) ပွဲတော်စည်ကား သိုက်မြိုက်စွာကျင်းပ
Dec 19,2021
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ ခမီရိုးရာနှစ်သစ်ကူး(ဆနီ)ပွဲတော်ကျင်းပခြင်းကို ယမန်နေ့ နံနက် ၇ နာရီအချိန်က ဂန္ဓရီကျေးရွာ၌ ကျင်းပပြု လုပ်သည်။
လပွတ္တာခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအ မှတ် အကြိုအသိပညာပေး ဟောပြောပွဲနှင့် အားကစား ပြိုင်ပွဲများ ကျင်းပ
Dec 19,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူငယ့်အားမာန် ကျောင်း တို့ ပူးပေါင်း၍ ယနေ့ နံနက် (၇)နာရီအချိန်က (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ နှင့် အားကစား ပြိုင်ပွဲ များ ကျင်းပပြုလုပ်ခဲ့သည်။
အုတ်ဖိုမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး ဇတ်တိုက်လေ့ကျင့်
Dec 19,2021
မြို့မဈေးရှိ ဈေးသူဈေးသားများ မီးဘေးကြိုတင်ကာကွယ်ရေး အသိသတိရှိကြစေရန်၊ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက လက်တွေ့လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့ ညနေက အုတ်ဖို မြို့နယ်၊  အိုးသည်ကုန်းမြို့စည်ပင်သာယာဈေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်အတွင်းရှိ ဝဲကြီးကျေးရွာနှင့် အလယ်ချောင်ကျေးရွာ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားများသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက် ဖွင့်လှစ်
Dec 19,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ဝဲကြီးကျေးရွာနှင့် အလယ်ချောင် ကျေးရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါ ကျေးရွာများ၌ ကျင်းပခဲ့ရာ ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
မတ္တရာမြို့နယ်၌ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်အား ဂုဏ်ပြုပူဇော်ပွဲ ကျင်းပ
Dec 19,2021
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်မှ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ အောင်မြေသုခပရိယတ္တိစာသင်တိုက်မှ ပဓာနနာယကဆရာ တော် ဒေါက်တာဘဒ္ဒန္တ ခေမိဿရ၏ ဂုဏ်ပြုဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ် ခဲ့သည်။
လူထုအခြေပြုဗဟိုဌာန( Community Centre) ခန်းမ၌ လက်မှုပညာသင်တန်း အခမဲ့ဖွင့်လှစ်
Dec 19,2021
တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေရရှိစေရေးအတွက် ရည်ရွယ်ကာ လက်မှုပညာ(ပန်းကြယ်သီး ထိုးနည်း) သင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်​ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် အမျိုးသမီး အသင်း (Women Club) တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဒီဇင်ဘာ ၁၈ ရက်နံနက် ၁၀ နာရီက ကိုဗစ်- ၁၉ ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ အခမဲ့ဖွင့်လှစ်သင်ကြား ပေးလျက် ရှိကြောင်း သိရသည်။
မိုင်းလုံ၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူ တစ်ဦး၏ ရင်တွင်း စကားသံ
Dec 19,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေး လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူ တစ်ဦး၏ ရင်တွင်းစကားသံကို ယခုလိုကြား သိခဲ့ရပါသည်။