သတင်းများ

ဟိုပုံးမြို့၊ ဒီဇင်ဘာအားကစားလ လူထုလမ်းလျှောက်ပွဲသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ် ရေး ကော်မတီဥက္ကဋ္ဌ တက်ရောက်
Dec 19,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ဒီဇင်ဘာအားကစားလ လူထု လမ်းလျှောက်ပွဲကို အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦး‌ဆောင်၍ ယနေ့နံနက် ၅ နာရီခွဲက ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ကျင်းပခဲ့သည်။
နမ္မတူမြို့နယ် မြို့မဈေးနှင့် ယာယီပျံကျဈေး၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပိုးသတ်ဆေး ဖျန်းပက်ဆောင်ရွက်
Dec 19,2021
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ပိုးသတ်ဆေးဖျန်းပက်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် မြို့မဈေးနှင့် ယာယီပျံကျ ဈေးအတွင်း၌ ဆောင်ရွက်သည်။
ကျောက်မဲမြို့နယ်တွင် တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်
Dec 19,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်း ကျောင်းတွင် ယမန်နေ့နံနက် ၉ နာရီခွဲ အချိန်က တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မိုင်းငေါ့မြို့တွင် ပထမအကြိမ် သက်ကြီးပူဇော်ပွဲ ကျင်းပပြုလုပ်
Dec 19,2021
ရှမ်းပြည်နယ်( မြောက်ပိုင်း ) ၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ရှေ့တန်း အမှတ်( ၁၀၁ ) ခြေမြန် တပ်မဌာနချုပ်၊အမှတ် (  ၁၀၁၁  ) နည်းဗျူဟာ စစ်ဆင်ရေး ကွပ်ကဲမှူးအဖွဲ့မှ ယာယီ နည်းဗျူ ဟာမှူး  ဒုတိယဗိုလ်မှူးကြီး စိုးမင်းအောင် ဦးဆောင်ပြီး မြို့အုပ်ချုပ်ရေးမှူး ဦးကြည်စိုးအောင် နှင့် ဌာနဆိုင်ရာများမှ စုပေါင်း၍ ပထမအကြိမ် သက်ကြီးပူဇော်ပွဲကို ယမန်နေ့ မွန်းလွဲ ( ၁ )နာရီ အချိန်က မိုင်းငေါ့မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်း၌ ကျင်းပပြုခဲ့ပါသည်။
ပွင့်ဖြူမြို့နယ်၌ မျိုးစေ့ချကိရိယာ ( Multi Crop Seeder ) ဖြင့် ကုလားပဲမျိုးစေ့ချစိုက်ပျိုးခြင်း တောင်သူပညာပေး ကွင်းသရုပ်ပြပွဲ ကျင်းပ
Dec 19,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ ဒေသခံတောင်သူများ သီးနှံအထွက်နှုန်း တိုးတက်‌ ကောင်းမွန်စေရန်နှင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် မျိုးစေ့ချကိရိယာ ( Multi Crop Seeder ) ဖြင့် ကုလားပဲမျိုးစေ့ချစိုက်ပျိုးခြင်း တောင်သူပညာပေးကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီက ပွင့်ဖြူ မြို့နယ် ကံသာကြီးကျေးရွာ တောင်သူ ဦးသန်းလွင်၏ ကွင်းအမှတ် ( ၉၁၀ ) လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကဝ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တွင် ဆောင်ရွက်ထားသည့် မှတ်တမ်းဓာတ်ပုံများအား ပြည်သူများ သိရှိစေရန် မြေစိုက် နံရံကပ် ပြဘုတ်တွင် ပြသလျက်ရှိ
Dec 19,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ၊ ကဝမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြေစိုက်နံရံကပ်ပြဘုတ်တွင် ယနေ့နံနက်က ပြည်သူများအား နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို သိရှိစေရန် ရည်ရွယ်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်အား ပြသ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တွင် ဆောင်ရွက်ထားသည့် မှတ်တမ်းဓာတ်ပုံများအား ပြည်သူများသိရှိစေရန် မြေစိုက်နံရံကပ်ပြဘုတ် တွင် ပြသ
Dec 19,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် အသိပညာပေး စာစောင်များ၊ မှတ်တမ်းဓာတ်ပုံများ ပြသလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများအား ပြသဆောင်ရွက်ထားခဲ့သည်။
သီပေါမြို့နယ်တွင် အခြေခံကွန်ပျူတာသင်တန်းဖွင့်လှစ်
Dec 19,2021
မ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွှဲပိုင်းက စာပေချစ်မြတ်နိုးသူ များအသင်း (Book Club) နှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံကွန်ပျူတာ သင်တန်း ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။