သထုံ ဒီဇင်ဘာ ၁၉
မွန်ပြည်နယ်၊ သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့၊ နံနက်က ပုံပြောခြင်း အစီအစဉ်အား ဝန်ထမ်းများက ရိုက်ကူးထုတ်လွှင့်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သင်းမြတ်သော်က ခမီတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ရေးသားပြစုထား သည့် “မိတ်ဆွေကောင်းများ” ကလေးပုံပြင် စာအုပ်အား ပုံပြင်ပြောပြခြင်းအစီအစဉ် ပြုလုပ်၍ သထုံခရိုင်ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် ရိုက်ကူး ထုတ်လွှင့်ပေးခဲ့သည်။
သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များအတွက် အသိပညာဗဟုသုတများ ရရှိ စေရန်၊ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် စိတ်အပန်းပြေပျော်ရွှင်စေရန် ရည်ရွယ်၍ သုတ၊ ရသ စာအုပ်စာစောင်မိတ်ဆက်ခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆို ခြင်း အစီအစဉ်များနှင့် ရောင်စုံစက္ကူလေးများဖြင့် အရုပ်ခေါက်/ ပန်းအလှခေါက်ခြင်းစသည့် အစီအစဉ်များကိုရိုက်ကူးကာ Onlineမှတစ်ဆင့် နေ့စဉ်ထုတ်လွှင့် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)