သတင်းများ

အင်္ဂပူမြို့တွင် ပြည်သူများအား ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron) ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေး နှိုးဆော်
Dec 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၏ စီစဉ်မှုဖြင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်‌ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်မီးသတ် ဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက် (၉)နာရီက အင်္ဂပူမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာနေ ပြည်သူများ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron)ရောဂါပိုး ကာကွယ်ရေးအသိပညာပေးခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်ကိုဗစ်မျိုးကွဲ အိုမီခရွန်(Omicron) အကြောင်း အသိပညာပေး လိုက်လံနှိုးဆော်
Dec 20,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ မဖြစ်ပေါ်စေရေး၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်၊ ရောဂါပိုးကွင်းဆက်ဖြတ်တောက်နိုင်ရန်အတွက် ကိုဗစ်ရောဂါပိုးဆိုင်ရာ အသိပညာများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများနှင့် မီးသတ် ဦးစီးဌာန ဝန်ထမ်းများက မြန်မာဘာသာ၊ ပိုးကရင်ဘာသာ​စကားတို့ဖြင့် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါ ကင်းစင်သော တက္ကသိုလ်နေ့ရက်များဆီသို့ အသိပညာပေး နံရံကပ် စာစောင်ပြသခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ
Dec 20,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးမှ ကိုဗစ်-၁၉ ရောဂါ ကင်းစင်သော တက္ကသိုလ်နေ့ရက်များ ဆီသို့ အသိပညာပေး နံရံကပ်စာစောင် ပြသခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ ခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ဟိုပင်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Dec 20,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ Community Cantre ခန်းမ၌ ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည် မြှင့်မားပြီး စာအုပ်စာပေများနှင့် ရင်းနှီးမှုရှိစေရန်၊ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် စာဖတ်သည့် အလေ့အကျင့် ကောင်းများ ရရှိစေရန်၊ တီထွင်ကြံဆနိုင်စွမ်း ရှိစေရန် ရည်ရွယ်၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက ကျင်းပဆောင်ရွက်ခဲ့သည်။
မြင်းခြံမြို့တွင် ပန်းခင်းစီမံချက် အသိပညာပေး LED Board မော်တော်ယာဉ်ဖြင့် လှည့်လည်၍ ပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေ
Dec 20,2021
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် ယနေ့နံနက်(၈:၀၀)နာရီ အချိန်က လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၏ အစီအစဉ်ဖြင့် ရောက်ရှိလာသည့်
တံတားမြို့ ကျက်သရေဆောင် သမိုင်းဝင် သုံးလောကထွဋ်ခေါင်မာရ်အောင် ရတနာဘုရားကြီး အတွင်းတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Dec 20,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့ရှိ ကျက်သရေဆောင် သမိုင်းဝင် သုံးလောကထွဋ်ခေါင် မာရ်အောင်ရတနာဘုရားကြီးအတွင်းတွင် ယမန်နေ့ နံနက်ပိုင်းက ဌာနဆိုင်ရာ များ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်းကာ  ဘုရားကြီးဝန်းအတွင်းတွင်  စုပေါင်းသန့်ရှင်းရေး  ပြုလုပ် ဆောင်ရွက်ခဲ့သည်။
ဖားကန့်မြို့၌ ကုမ္ပဏီလုပ်ကွက်ဟောင်းအတွင်း မြေပြိုကျမှုဖြစ်ပွားကာ လူနှစ်ဦးပျေက်ဆုံးနေ
Dec 20,2021
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့ ရှရော်ခကျေးရွာနှင့် မနကျေးရွာကြားရှိ ကုမ္ပဏီလုပ်ကွက်ဟောင်းအတွင်း၌ ယမန်နေ့ ဒီဇင်ဘာ ၁၉ ရက် နံနက် ၅နာရီအချိန်ခန့်က မြေပြိုကျမှုဖြစ်ပွားကာ လူနှစ်ဦးပျောက်ဆုံးနေကြောင်း သိရသည်။ 
လှိုင်းဘွဲမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online အစီအစဉ်ဖြင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိ
Dec 20,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူ များအား အသိပညာဗဟုသုတ ရရှိစေရန်အတွက် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရာ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း စာကြည့်တိုက်သို့